Part 26King Park Jimin

768 77 9
                                    

နယ်စားမင်းလာရာလမ်းဟာ အလွန်းကွာဝေးလွန်းလှ၏
အမင်၏ မြင်းညိုကြီးချင်းဂူးအား
အနားမပေးပဲ အပြင်းနှင်လာတာတောင်
တညအိပ်တရက် ကြာခဲ့လေပြီ

ရောင်းသံ ဝယ်သံ မြင်းခွါသံ အစုံနှင့်
တေးဂီတသံသဲ့သဲ့တို့သည် Jungkook
မြို့တော်ကိုရောက်လာခဲ့ပြီဆိုတာ
သတိထားစရာမလိုပဲသိပြီးသားပါ
တညနဲ့တရက် မအိပ်စက်ထားသော
မျက်လုံးတွေသည် ကျိန်းစက်ကာ နာကျင်လှသည်။
နန်းတော်ဆီကို ဦးတည်နေတဲ့ မြင်းကြီးချင်းဂူကို
ဇာတ်ကြိုးသတ်ကာ အရှိန်လျော့စေလိုက်သည်။

မိမိမရှိခင်အတောအတွင်း အခြေအနေတွေအများကြီးပြောင်းလဲသွားသော ထိုနန်းတော်ထဲကို
သူရမ်းသမ်းပြီး မသွားတာ ပိုအဆင်ပြေပါလိမ့်မည်ဟု
တွေးမိပြီး စားသောက်ဆိုင်တဆိုင်ထဲသို့
ဝင်လိုက်သည်။

လူသူစုံလင်လှသော ဤဆိုင်တွင် နယ်စားလေးအတွက်
သတင်းတခုခုတော့ ရနိုင်ပါရဲ့လေ။

*****************
လူတွေဟာ စားရင်းသောက်ရင်း ရယ်မောကြရင်း
စားသောက်ဆိုင်ထဲတွင် လူမျိုးစုံရှိနေတတ်သည်။

ချောင်ကျကျဝိုင်းမှာ နယ်စားလေးဟာ ထိုင်လိုက်သည်။
ပြီးတော့ စားပွဲထိုးကောင်လေးအား လက်ပြကာ ခေါ်လိုက်သည်။

" ဘာသုံးဆောင်မလဲ လူကြီးမင်း"
" စွပ်ပြုတ်တပွဲပေးပါ"
" ဟုတ်ကဲ့"
စားပွဲထိုးလေးသည် မိမိအား တချက်ကြည့်ပြီး
မျက်စံတွေလှုပ်ကာ မတည်မငြိမ်ပြန်လှည့်သွားသည်။
" ခဏ"
" ဗျာ"
" ကျုပ်က မြို့မရောက်တာကြာပြီ
ဒါကြောင့် နန်းတော်က ထူးခြားသတင်းတွေကို
သိချင်တယ် မင်းပြောပြမလား"
" ဗျာ"
" ရော့ မင်းအတွက်"
ကြောင်အမ်းအမ်းဖြစ်နေသူ စားပွဲထိုးလေးကို
သူငွေစအချို့ ထုတ်ကာပေးလိုက်သည်။

" ပြောတော့"
" ဘုရင်အသစ်တက်တယ် အရင်ဘုရင်နဲ့
ကျုပ်တို့ပြည်သူတွေကို နိုပ်စက်တတ်တဲ့
အမတ်တွေကို ဖမ်းပြစ်တယ်လို့လည်းသိရတယ်
တချို့ကိုလည်း ဖမ်းဖို့အမိန့်ထုတ်ထားတယ် "
မြန်မြန်ဆန်ဆန်ဖြေပြီး ကြောက်ကြောက်ရွံ့ရွံ့
လှည့်ထွက်ဖို့ ပြင်နေတဲ့ စားပွဲထိုးလေးကို
လှမ်းဆွဲလိုက်သည်။

ပန်းယောင်ဆောင်သောချယ်ရီငယ်Where stories live. Discover now