Part-17 ထိမ်းမြားလက်ထပ်ခြင်း

659 67 5
                                    

ထိုနေ့က အနီရောင်သတို့သမီးလေးဟာ အရမ်းကိုလှပနေခဲ့တယ် .

ခမ်းနားလွန်းတဲ့ မဂ်လာပွဲမှာ တက်ရောက်ကြသူတွေသည်လည်း အယုတ်အလတ်အမြတ်မရွေး

သတို့သားဟာတလောကလုံးကို ပိုင်ဆိုင်ထားရသလိုပြုံးကာ ပျော်ရွှင်လျက်ရှိသည်။

သတို့သားဘေးမှာ ဝတ်ရုံတော်အသစ်နဲ့ ပဲပေးနေတာက သူဌေးလေး ဂျောင်ဟိုဆော့

သူ့မှာချစ်ရသော ကလေးကြီးအိုစွန်းအနားကပ်ဖို့ကိုလည်း ချောင်းရသေးသည်။

အမင့်အနားကမခွာပဲ ပွဲတခုလုံးကလူတွေအား အကဲခတ်ပြီး သတိကပ်ထားသူကအိုစွန်းခေါ် စစ်သူကြီးဂျင်

တစက်ကလေးမျှမပြုံးရယ်ပဲ မျက်ဝန်းကျဉ်းတွေဟာ အရောင်တွေမှေးမှိန်နေမိတာက အမင်ခေါ် ချယ်ရီငယ် သို့မဟုတ် လမင်းငယ်

ထိုသတို့သမီးအယောင်အဆောင်လေးကိုမမှိတ်မသုံကြည့်နေတာက ကြယ်လေးခေါ် လက်ရှိ ရှင်ဘုရင်

******************************************************************************

"ဒီညငါအမူးသောက်မယ် ဂျောကု"

"အရှင်မင်းကြီးစိတ်ပျော်သလိုလုပ်ပါ"

"ငါဒီကိုလာခဲ့တာ မင်းကြီးအနေနဲ့မဟုတ်ဘူး ငါ့သူငယ်ချင်းနေမင်းလေး မဂ်လာဆောင်ကိုလာရောက်ချီးမြင့်တဲ့ကြယ်လေးအဖြစ်လာခဲ့တာလမင်းလေးကို ငါသတိရတယ် ဂျောင်ကု"

"ငါမဂ်လာဦးညမှာ တော့ စိတ်မရှုပ်ချင်ဘူး ကြယ်လေး"

***လမင်းလေးဆိုတာနဲ့ စိတ်ရှုပ်သွားရောလား နယ်စားမင်းဂျွန်ရယ်***

ဝတ်ရုံတော်ကိုတင်းနေအောင် ဆုပ်ကိုင်ထားကာ အခန်းရှေ့က ရပ်စောင့်နေသည့်

ကြင်ယာတော်ဟာ ခံစားမူနဲ့မလိုက်အောင် ခပ်ချိုချိုပြုံးကာ ချောင်းသံပေးလိုက်သည်။

"အဟမ်း အမင် ဝင်လာခဲ့မယ်နော် မောင်တော်"

မင်းကြီးရော နယ်စားမင်းပါ အတော်အတန်ပင်မူးနေကြပြီ

ကြင်ယာတော် ဝင်လာသည်ဆိုသည်နှင့် နှစ်ယောက်စလုံး ထိုင်ရာက ထမိနေလျက်သား

ပန်းယောင်ဆောင်သောချယ်ရီငယ်Where stories live. Discover now