ရေမြေ့ရှင် ရှင်ဘုရင်တဲ့
စံစားရတဲ့ အယောင်အဆောင်တွေက
အပြုံးကိုဖန်တီးမပေးနိုင်ကြဘူး။
ရရှိထားတဲ့အဆောင်အယောင်တွေအလိုက်
စောင့်ထိန်းရတဲ့စည်းမျဉ်းတွေ
ဒီစည်းမျဉ်းတွေကို ဒီအဆောင်အယောင်တွေကပဲ
စည်းကျပ်ထားလေခြင်း။နေကြာပန်းခင်းထဲက မောင်တော့်လက်ကိုတွဲပြီး
ပြုံးခဲ့တဲ့အပြုံးတွေဟာ လတ်ဆတ်လွန်းတယ်။
ရွှေဘုံနန်းကသက်ပြင်းသံတွေထက်တော့ လှပခဲ့မှာပါပဲအခုတော့ ပုလ္လင်ပေါ်မှာထိုင်နေရတဲ့ကျနော်က မပျော်နိုင်ပြန်ဘူး။
*****************
"အိုစွန်းကျုပ်တို့ ဧကရာဇာ်ကိုဘယ်လိုပြောသွားကြမလဲ အမှန်တိုင်းပြောမှာလား"
"မဖြစ်ဘူးလေ အမတ်ချုပ်ကြီးရဲ့ လူယုတ်မာ အဖွဲ့က
နန်းပြင်မှာ တစတလေ ကျန်နေဦးမှာ
ကျုပ်တို့သွားမယ့်သတင်းပေါက်ကြားလို့
အဖျက်အမှောင့်တွေ မဝင်စေချင်ဘူး"'အဲ့တာဆို ဘယ်လိုလုပ်ကြမလဲ"
သီးသန့်လျှောက်တင်ချင်ပါသည် ဆိုသော
ဟိုဆော့နဲ့စစ်သူကြီးဂျင်က ညီလာခံခန်းမတွင်
နှစ်ယောက်တီးတိုး တိုင်ပင်နေကြသည်။
မင်းကြီးကြွချီလာပါပြီဆိုသော စကားကြောင့်
နှစ်ဦးသားကိုယ်ရှိန်သတ်လိုက်ကြသည်။"ကျုပ်လျှောက်တင်တဲ့အတိုင်း ဟိုဆော့က
သံယောင်လိုက်ပါ"ဟိုဆော့ တည်ကြည်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
"အိုစွန်း အာ မှားပြန်ပြီ စစ်သူကြီးဂျင် အလောတကြီးလျှောက်တင်ချင်တာ ဘာဖြစ်လို့လဲ "
"ကျွန်တော်မျိုးနဲ့ဘဏ္ဏရေးအမတ်ကြီး ဟိုဆော့တို့
နယ်စပ်ဘက် သူပုန်တွေကိုနှိမ်နှင်းဖို့ ခရီးထွက်ရမယ်
အရှင်မင်းကြီး"" အမတ်ကြီးကဘာလို့လိုက်သွားမှာလဲ
စစ်သူဂျင်သွားတာက တိုက်ခိုက်ရေးမို့ထားပါတော့""အဟမ်းဟို အဲ့ဒီနေရာက ဟိုဆော့ရဲ့မွေးရပ်မြေဖြစ်နေတာလေ ကျုပ်က နယ်မကျွမ်းတော့ ဆော့ကိုခေါ်သွားမလို့ပါ ဟုတ်တယ်မလား အမတ်ကြီး"
YOU ARE READING
ပန်းယောင်ဆောင်သောချယ်ရီငယ်
Fanfictionမင်းကို စတွေ့တဲ့အချိန်မှာ ငါ့နှလုံးသားလေးသေဆုံးသွားတယ် ပြီးတော့ပြန်နိုးထလာတယ် သွေးကြောတွေနဲ့မဟုတ်ပဲ ချစ်ခြင်းတွေနဲ့ ပေါ့ ချယ်ရီငယ် နယ်စားမင်း ဂျွန် အမင်ကဘယ်သူလဲလို့ ဘယ်သူမေးမေး အမင်ဟာ အမင်ပါပဲ အမင်ကပန်းတပွင့်မဟုတ်သော ချယ်ရီငယ် အမင် သို့မဟုတ် park...