"နန်းရင်ပြင်မှာသုံ့ပန်းကိုထုတ်ပြီး
မြင်မြင်သာသာစစ်ဆေးပေးပါ အရှင်မင်းကြီး"" ကျုပ်ကို မယုံကြည်ကြလို့ဖိအားပေးချင်နေတာလား အမတ်ကြီးတွေ"
"ယုံကြည်လွန်းလို့ အရှင့်ကို ပုန်ကန်မှာကြောက်လို့
ကျုပ်တို့အမတ်ကြီးတွေ စီစဉ်နေရတာပါ
စိုးရွံ့မိပါတယ်အရှင်"သက်ပြင်းတွေချကာ အရှင်လေးသည်
ကြံရာမရစွာ တိတ်ဆိတ်နေခဲ့သည်။မည်သို့သော စစ်ဆေး မေးမြန်းမူကို
အရှင်လုပ်နိုင်ပါမည်နည်း။အမတ်တွေ၏ စကားသည် လွန်ဆန်စရာ
အကြောင်းမရှိဘဲ သင့်တော်နေတာမို့
ရှင်ဘုရင်လေးဟာ လက်မှိုင်ချရတော့သည်။"ချစ်ခဲ့ပါသည် သို့သော် " ဆိုသော
အကြောင်းပြချက်တွေကို
လိမ်တာ မုသားတွေ ဟု ခေါင်းစဉ်တပ်
ဘောင်မသွင်းခဲ့သော်လည်း သူသိချင်သော
အချက်အလက်တွေ မဟုတ်လား။ဘာကြောင့်ဘာလို့ ကျန်ော့ကိုမချစ်ခဲ့ရသလဲဆိုတဲ့
မေးခွန်းတွေက ကလေးဆန်လွန်းပေမယ့်
ရှင်ဘုရင်လေး မေးချင်နေတုန်းကလေးအတွေးလေးနဲ့ အချစ်တွေကို
ရှောင်ဖယ်ကောင်းရဲ့ဟုနာကျည်းခဲ့သော်လည်းမောင်တော့် ၏အတွေး အစီအစဉ်တွေဟာ
လက်တွေ့ဆန်ပြီးမှန်ကန်နေပြန်ပါတယ်။
အမျိုးသားတစ်ယောက်ကိုချစ်ခင်နှစ်သက်ခြင်းကို
ဒီပြည်သူတွေ လက်ခံနိုင်ပါ့မလား။လက်မခံနိုင်ခဲ့ရင် အများကြီးထိခိုက်နစ်နာမှာ က
ရှင်ဘုရင်လေးမို့ စောင့်ခဲ့သည်စည်းတွေအား
မသိဘဲတဖက်သတ် နယ်စားလေးကိုမုန်းခဲ့မိတာအိုစွန်းတိုက်နေတဲ့ဆေးရွက်က သူရှာပေးခဲ့တာ
စိုက်ပုံစိုက်နည်းကအစ မသိအောင်
တိတ်တဆိတ်ပေးခဲ့ခြင်းတွေသည်။
ပေါ်ပေါ်ထင်ထင်သာပေးခဲ့လျှင်
ဒီကလေးလေးကသူမှသူစွဲလမ်းသွားမှာစိုးလို့တဲ့လေ
အဲ့လိုစွဲလမ်းရင်ရှင်ဘုရင်ဖြစ်မယ့်
အရှင်နစ်နာမှာစိုးလို့တဲ့ သူ့ရဲ့ဝန်ခံချက်အပိုင်းအစတွေ
မိမိကိုမချစ်ဘူးလို့ ယူဆလို့မရပါသော အမှန်တရားတွေ
YOU ARE READING
ပန်းယောင်ဆောင်သောချယ်ရီငယ်
Fanfictionမင်းကို စတွေ့တဲ့အချိန်မှာ ငါ့နှလုံးသားလေးသေဆုံးသွားတယ် ပြီးတော့ပြန်နိုးထလာတယ် သွေးကြောတွေနဲ့မဟုတ်ပဲ ချစ်ခြင်းတွေနဲ့ ပေါ့ ချယ်ရီငယ် နယ်စားမင်း ဂျွန် အမင်ကဘယ်သူလဲလို့ ဘယ်သူမေးမေး အမင်ဟာ အမင်ပါပဲ အမင်ကပန်းတပွင့်မဟုတ်သော ချယ်ရီငယ် အမင် သို့မဟုတ် park...