🌸🌸🌸
"ကောက်ရိုးလှည်းကဘယ်သူ့လှည်းလဲ"ခပ်အီအီအသံတခုဟာ ယောကျာ်းတယောက်ရဲ့အသံ
ထူးဆန်းတာက မိန်းမလိုဝတ်ဆင်ထားတဲ့
အမျိုးသားတယောက်ပေါ့"အိုစွန်း ကျနော်တို့လှည်းပါ"
'ကောက်ရိုးထုံးနည်းနည်းတော့ မျှပါလား"
"အိုစွန်း ရာ ပြောစရာလိုလို့လား အမင့်အတွက်မလား"
"ဟုတ်တယ် အမင်အိပ်ယာမှာ ထပ်ဖြည့်ချင်လို့
မဟုတ်ရင်အမင်လေးကျောတွေနာမှာစိုးလို့"'ရတယ် အိုစွန်းလိုသလောက်ယူထားလိုက်လေ "
"ကျေးဇူးပါ ရောလေး ရေနွေးသောက်ရင်း ခဏစောင့်နော်
အမင်ကတော့အိပ်တုန်း"ကောက်ရိုးလှည်းမောင်းလာသူ ရောလေး က
အမင့်သူငယ်ချင်းမို့ အမင်ဒီအချိန်မနိုးသေးမှန်း
သူသိပါတယ်အမင်ဆိုတာ ပန်းလေးနဲ့တူတဲ့လူသားလေး
အမင်ကိုအချို့က ယောကျာ်းလေးလို့လည်းပြောကြသလိုအချို့က မိန်းကလေးလို့လည်း
ထင်ကြေးပေးကြသေးတယ်အမင့်ကိုမေးတဲ့အခါကျလည်း အမင်က ဖြေနေကျစကားတခုရှိတယ်
အမင်ဟာ အမင်ပဲလေ တဲ့
"အိုစွန်း ကိုတော့ ယောကျာ်းလေး လို့သိပါလျှက် အားလုံးက မိန်းမလှအိုစွန်းလို့ပဲခေါ်ကြသလို
အိုစွန်းရဲ့ပြင်ဆင်မူတွေဟာ မိန်းမတယောက်အသွင်ပါပဲ
သို့ပေမယ့် အိုစွန်းက တရွှာလုံးက လေးစားအားကိုးရတဲ့ လူတယောက်
ပါးစပ်ရာဇဝင်တွေကြားဖူးတာတော့ အိုစွန်းဟာ
ဘုရင့်စစ်သူကြီးဟောင်းတယောက်လို့လည်း
ပုံပြင်သဖွယ် နားထောင်ခဲ့ဖူးတယ်အမင်ကတော့အိုစွန်းက စစ်ပွဲအကြောင်း ပြောတာလုံးဝမကြိုက်ဘူးလို့ပဲ ပြောပြခဲ့တာ
"အိုစွန်း ကျနော်တို့သွားတော့မယ် မြို့က နယ်စားအိမ်မှာ ကုန်တွေချရမှာမို့ "
"အေးအေး နေမပူခင်သွားကြခလေးတွေ
အိုစွန်းမုန့်တွေဖုတ်ထားတယ် ယူသွားကြဉီး"
YOU ARE READING
ပန်းယောင်ဆောင်သောချယ်ရီငယ်
Fiksi Penggemarမင်းကို စတွေ့တဲ့အချိန်မှာ ငါ့နှလုံးသားလေးသေဆုံးသွားတယ် ပြီးတော့ပြန်နိုးထလာတယ် သွေးကြောတွေနဲ့မဟုတ်ပဲ ချစ်ခြင်းတွေနဲ့ ပေါ့ ချယ်ရီငယ် နယ်စားမင်း ဂျွန် အမင်ကဘယ်သူလဲလို့ ဘယ်သူမေးမေး အမင်ဟာ အမင်ပါပဲ အမင်ကပန်းတပွင့်မဟုတ်သော ချယ်ရီငယ် အမင် သို့မဟုတ် park...