လက်ဖဝါးတွေဖိကပ်ပိတ်ထားတဲ့ အမင့်မျက်နှာမှာ
မျက်လုံးလေးတွေသာလျှင်ပေါ်တော့သည်။
အမင့်တကယ်ကိုပို၍လန့်ရတာက
ထိုအချိန်ကအမင်က
မိန်းကလေးလိုဝတ်ဆင်ထားခဲ့တာမဟုတ်ချေ။
"အွန်း အွန်း အွန်း "
ဘယ်လိုပဲရုန်းပါစေ အဆောင်တခုစီကို ဆွဲခေါ်ခံလိုက်ရတာကို အမင်သိသည်။
အမင်မျက်နှာကို အုပ်မိုးထားတဲ့ လက်ကို အတင်းဆွဲပြီး ဖြုတ်ချသော်လည်း ထိုလက်ဟာ ကြံကြံခိုင်လျက်
တချက်လေးမျှလျော့မသွားချေ
သို့သော် အမင့်လက်ထဲကို ကျောက်ကလေးတခုတော့ပါလာသည်။
လက်စွပ်ကကျွတ်လာတာ ထင်ပါရဲ့
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိပေမယ့်
ရုန်းရင်ကန်ရင်း အဆောင်တခုဆီရောက်လာခဲ့သည်။
တဖက်လူဆီက သေရည်အရက်နံ့တွေကိုလည်း
အမင်ရလိုက်သည်။အခန်းထဲအရောက်မှာ အမင်ရုန်းနေရင်းက လွတ်ထွက်ခဲ့သည်။
"ဗြိ"
သို့သော် အပေါ်ဝတ်ရုံစမှာ ထိုလူ့လက်တွင် ငြှိကာ ကျန်ခဲ့တော့သည်။"မင်းဘယ်သူလဲ"
တခွန်းချင်းမေးသော ထိုလူ၏အမေးသည် အရမ်းကို အက်ကွဲခြောက်ကပ်နေသည်။
"အမင်ပါ ဟု ဖြေရအောင်ကလည်း အမင်က ယောကျာ်းလေးလို ဝတ်ဆင်ထားတာမို့ ဘာဖြေရမှန်းမသိ"
နောက်ထပ်အနားကိုကပ်ပြီး လက်မောင်းတွေကို ဆုပ်ကိုင်ကာ ထပ်မေးပြန်သည်။
"မင်းဘယ်သူလဲ လို့မေးနေတယ်လေ"
အမင်လည်းထပ်မံရုန်းပစ်တဲ့အခါ "ဗြိ............"
အမင်ရဲ့ အပေါ် အဝတ်ရုံတို ဖွာထွက်ကာ
အစအနများပင်ဖြစ်လင့်နေသည်။ ကိုယ်ပေါ်တွင် လစ်ဟာကုန်သော အစိတ်အပိုင်းတွေထိုလူဟာ ရမက်ဆန်သော အကြည့်တွေနှင့်ကြည့်နေသေးသည်။
"ခများကရော ဘယ်သူလဲ ခများအဲ့လိုမကြည့်နဲ့"
ခပ်ကြမ်းကြမ်း အနမ်းတခုဟာ အမင့်ဆီကို
ချဉ်းကပ်လာတာမို့ ခေါင်းလှည့် ခါရှောင်လိုက်တာမို့
ထိုသူ၏နုတ်ခမ်းတွေသည် အမင်လည်တိုင်ဆီ
ရောက်လာခဲ့သည်။"လွှတ်ပါ ကျုပ်ကယောကျ်ား ပါ ခများ လွှတ်"
သူကလည်းဆွဲ ကိုယ်ကလည်း ရုန်းအခြေအနေမှာ
ဖရိုဖရဲနိုင်စွာ ကျွန်တော့်၏ အပေါ်ပိုင်းခန္ဓာကိုယ်သည် ဗလာကျင်းသွားသည်။
YOU ARE READING
ပန်းယောင်ဆောင်သောချယ်ရီငယ်
Fanficမင်းကို စတွေ့တဲ့အချိန်မှာ ငါ့နှလုံးသားလေးသေဆုံးသွားတယ် ပြီးတော့ပြန်နိုးထလာတယ် သွေးကြောတွေနဲ့မဟုတ်ပဲ ချစ်ခြင်းတွေနဲ့ ပေါ့ ချယ်ရီငယ် နယ်စားမင်း ဂျွန် အမင်ကဘယ်သူလဲလို့ ဘယ်သူမေးမေး အမင်ဟာ အမင်ပါပဲ အမင်ကပန်းတပွင့်မဟုတ်သော ချယ်ရီငယ် အမင် သို့မဟုတ် park...