Part-21 အမှောင်ရိပ်ထဲကလူ

572 59 2
                                    

ညင်းသွဲ့သွဲ့လေပြည်နဲ့အတူ
လွမ်းဆွေးဖွယ်သံစဉ်တခုသည်
နားထဲရိုက်ခတ်လာသည်
အသံကြားရာ လိုက်လာမိတဲ့ jeon Jungkookတယောက်
သံစဉ်တွေရဲ့ အရင်းမြစ်ဟာ အမင်ဖြစ်နေလိမ့်မယ်လို့ မှန်းဆထားမိပြီးသား
အမင့်မျက်ဝန်းထောင့်မှာ မျက်ရည်စတွေနဲ့
ကျနော်အနားရှိပါလျက်နဲ့ ဘယ်သူ့ကိုများလွမ်းလို့
လွမ်းတေးကို နင့်နေအောင်ညည်းနေရသလဲအမင်ရယ်။

" အမင်လွမ်းတေးညည်းနေသည့်ထိုနေရာသည် ကန်ပြင်ကြီးရှိတဲ့

နယ်စားမင်းအိမ်တော်မှာမဟုတ်ပဲ
အိမ်တော်ထပ်အစပေါင်းများစွာ ကျယ်ဝန်းလှပလှသော
ရွှေးနန်းတော်ရဲ့ ကန်စပ်မှာ
မျက်နှာချင်းဆိုင်နန်းတော်ဆောင်ပေါ်မှာ
ရပ်ကြည့်နေတဲ့ ရှင်ဘုရင်လည်း ရှိလေရဲ့
ကြယ်လေးရဲ့ အကြည့်စူးစူးတွေကို နယ်စားမင်းမကြိုက်ပါ
လမင်းလေးကို အရူးအမူးချစ်ပြခဲ့သူဟာ
လမင်းလေးနဲ့ အနီးစပ်ဆုံး တူလွန်းတဲ့
အမင့်အပေါ်ကိုရော ရှင်ဘုရင်ဟာမတပ်မက်ပဲ နေပါ့မလား။

စိုးရိမ်ပူပန်ရေတာနဲ့ပဲ သံစဉ်တေးလေး ပြီးဆုံးသွားတာကိုပင်မသိလိုက်မိ

နေရာမှာ အမင်မရှိတော့ပေ။

နယ်စားမင်းဟာ လေးလံတဲ့ခြေလှမ်းတွေနဲ့ နန်းတွင်းထဲက အဆောင်အယောင်တွေကိုကြည့်မိသည်။

ဘယ်နေရာကိုပဲကြည့် ကြည့် အိမ်ရှေ့စံဝတ်ရုံတော်လေးကိုမကာ မိမိဆီအပြေးလာတတ်တဲ့ ခြေဖဝါးသေးသေး‌လေးတွေကိုမြင်ယောင်မိစဲ နန်းတော်က လေတိုးသံသဲ့သဲ့ကို ကူးရေ kook , jeon, jeon jungkookဟူသော အသံအနိမ့်အမြင့်အမျိုးအမည်စုံခေါ်တတ်သော အသံစူးစူးလေးကိုလည်း ကြားယောင်စဲ

အမင်နဲ့ မှားယွင်းခဲ့ပြီးသော်ညလွန်ပြီး နောက်ညတွေမှာ အိမ်မက်တွေထဲ park jiminဟူသော အိမ်ရှေ့စံလေးနှင့်ထိတွေ့နေရသည့် ပုံရိပ်တွေဟာ အမြဲစိုးမိုးနေခဲ့သည်။

အမင့်အား အားနာခြင်းမြောက်မြားစွာ ဖြစ်မိပေမယ့်လည်း ထိုအိမ်မက်တွေထဲမှာ ကျနော်ဟာ သာယာယစ်မူးနေမြဲ အိမ်မက်တွေက လန့်နိုးလာတိုင်း လမင်းလေးကိုလိုက်ရှာရခြင်းတွေဟာ အကျင့်တခုလို ဖြစ်နေမြဲ

ပန်းယောင်ဆောင်သောချယ်ရီငယ်Where stories live. Discover now