Part -11 အတိတ်ကအိမ်ရှေ့စံ

671 82 11
                                    

"မောင်တော်"
ခပ်ဖွဖွခေါ်သံလေးဟာ ချစ်ခြင်းတွေအပြည့်
အနမ်းမိုးတွေရွှာပြီး ကလေးတယောက်လို
ငိုယိုပြီးအိပ်ပျော်သွားသော
နယ်စားမင်းကို အမင်ထိုင်ကြည့်နေတာ
တညလုံးနီးပါးပါပဲ

နှစ်ခြိုက်စွာအိပ်ပျော်နေသော နယ်စားမင်းကို
တစိမ့်စိမ့်ကြည့်ကာ
မောင်တော် ဘာကြောင့် ဝမ်းနည်းနေရသလဲ
ဘယ်သူကများဝမ်းနည်းစေတာပါလိမ့်
အတွေးတွေဟာ အိပ်မပျော်နိုင်ခဲ့သူဟာအမင်ပါ။

" အမင်ရေ အဆင်သင့်ပဲလား"
" မောင်တော်မနိုးသေးဘူးအိုစွန်း"
" သူအိပ်ပျော်နေတာ နိုးတဲ့အထိမစောင့်နဲ့တော့လေ
အိုစွန်းကနယ်စားမင်းကို ခွင့်တောင်းပြီးပြီပဲ
သူနိုးလာရင်သူဌေးလေးဟိုဆော့က
အကျိုးအကြောင်းပြောပြလိမ့်မယ်"
တည်တင်းလှသော စကားများကြောင့်
အမင်အတွန့်မတက်ရဲဘဲ အိုစွန်းခေါ်ရာ
ပန်းခြံသို့ လိုက်လာခဲ့ရသည်

*****************
တလမ်းလုံးစကားတလုံးမှမပြောသော အိုစွန်းအား
အမင်စိုးရိမ်တကြီး အရိပ်ကြည့်နေမိသည်
ပန်းခြံသို့ရောက်သည်နှင့်

" မနေ့က အမင့်ကိစ္စနဲ့ သူတို့ စကားများကြတယ်
သတ်ပွဲတွေမဖြစ်ရုံတမယ်ဘဲ"
" သူတို့ဆိုတာ ဘယ်သူတွေလဲ အိုစွန်း"

အရိပ်အောက်က ကွပ်ပျစ်လေးမှာ
ပန်းတွေကို စည်းနှောင်ရင်းစိတ်ဝင်တစားမေးလိုက်သည်
အိုစွန်းကတော့ အမင့်ကို ကျောခိုင်းကာ
တခွန်းချင်းပြောသည်

" ဒါမယ့် သတ်ပွဲတွေ ဖြစ်မသွားဘူး
အချင်းချင်းသတ်စေချင်တာ
ဒါမှ အိုစွန်းတို့ရှင်းရတာသတ်သာသွားရောလေ အမင်"

" ဘယ်သူတွေကိုသတ်စေချင်လို့လဲ အိုစွန်း
အိုစွန်းစကားတွေက ထူးဆန်းနေသလိုပဲ"

" ဒီထပ်ပိုထူးဆန်းတာတွေဖြစ်လာဦးမှာ အမင်ရဲ့
အချင်းချင်းမသတ်တာလည်း တမျိုးကောင်းပါတယ်လေ
အိုစွန်းတို့ကိုယ်တိုင် လက်တုံ့ပြန်ရတော့
ပိုအရသာရှိတာပေါ့ အိုစွန်တို့ရဲ့ ဓါးတွေကို
သူတို့ရဲ့လည်ချောင်းသွေးတွေနဲ့ ဆေးကျောနိုင်မယ့်
ရွှေရောင်နေ့ရက်တွေကိုတွေးကြည့်စမ်းအမင်"

ပန်းယောင်ဆောင်သောချယ်ရီငယ်Where stories live. Discover now