Part -27သက်သေ

591 72 12
                                    


ထားရင်လည်းနေ
သတ်ရင်လည်းသေ ဆိုပါတဲ့လား

" ဘဏ္ဏာရေးအမတ်ကြီး ဟိုဆော့ ကြားလား
သုံ့ပန်း ပြောလိုက်တာကိုကြားလား
သူပဲ နစ်နာရပါတယ်ပေါ့ ဟုတ်လား"

" အရှင်မင်းကြီး စိတ်ထိန်းတော်မူပါ"

" ဘာလဲ မောင်မင်းကို ပေးထားတဲ့ ကတိ ကျုပ်က မတည်မှာစိုးလို့လား"

"မဟုတ် မဟုတ်ပါဘူး "

နေရောင်ခြည်လိုနွေးထွေးသူဟာ အသဲလည်းမမာနိုင်သူမို့ လျှောက်တင်ရင်း မျက်ရည်သာ ကျရသည်။

"မင်းကြီးအနားယူသင့်ပါပြီ

ရဲမက်တို့ သုံ့ပန်းကို အချုပ်ခန်းဆီခေါ်သွားကြ"

စစ်သူကြီးဂျင်က တခါထဲရဲမက်တို့ကို
အမိန့် ပေးလိုက်သည်။

ခန်းမဆောင်တွင် စစ်သူကြီးဂျင်ရယ် ဧကရာဇ်ရယ်
ဟိုဆော့ရယ်သာ ကျန်ခဲ့တော့သည်။

ပုလ္လင်ထက်တွင် မျက်နှာ အားလက်နှင့်အုပ်ကာ
တုန်ရီနေသည်အထိ ငိုနေသူ ဧကရာဇ်အား
ကျန်သူများက မမြင်ဟန်မျက်နှာလွဲလျက်ရှိနေကြသည်။

ရှိုက်သံသဲ့သဲ့လေး သည် ကာရံမညီလေခြင်းဟာ သူ၏နာကျင်မူတွေအလား။

"ဟို...."

အသံသေးသေးလေးသည် တိတ်ဆိတ်ခြင်းကို ဖြိုခွင်း၏။

"မိန့်တော်မူပါ အရှင်"

"ထမင်းနဲ့ရေ ဟိုအာဟာ ရတွေကို
အကျဉ်းသားတွေပေးသလို မပေးပဲ
သပ်သပ်စီစဉ်ပေးလိုက်ပါ"

မချစ်တာလည်းမဟုတ်ပဲအရှင်ရယ်။
သုံ့ပန်းလို့ အသဲမာအောင်သတ်မှတ်ပြီးမှ
ပင်ပန်းဆင်းရဲမှာကိုသူစိုးရိမ်နေသည်တဲ့လား

ကျောပြင်ငယ်ဟာ အမုန်းတွေကို
ထုပ်ပိုးသယ်ပိုးထားပေမယ့် သူချစ်နေစဲပါပဲ

*******************************************************

အေးစက်စက်ကြမ်းပြင်ပေါ်မှာ လဲလျောင်းရလို့
မောင်မနာကျင်ပါဘူးအမင်

မင်းက မောင်ထုတ်မပြဝံ့ခဲ့တဲ့ ရင်ခုန်သံလေးဆိုတာကို

မောင်မသိရလေခြင်းတွေကိုတော့ မောင်နာကျင်ရပါတယ်။

ပန်းယောင်ဆောင်သောချယ်ရီငယ်Where stories live. Discover now