အတိတ်ဆိုးဆီသို့

479 64 5
                                    

နေရောင်သည် ကောင်းကင်ယံတွင်မရှိတော့
ည၏ အငွေ့အသက်နဲ့အတူ တိတ်ဆိတ်မူက
အဖော်ပါလာခဲ့သည်။
လပြည့်ညမဟုတ်သော်လည်း
တခြမ်းတပဲ့ကျန်ခဲ့သည့် လမင်းသည်
အားရှိသလောက် ထွန်းလင်နေပြန်သည်။

ခပ်မှိန်အလင်းရောင်ဟာ
နန်းဆောင်တွေကြားအားယူနေရဟန်။

ထိုအလင်းဖျဖျအောက်မှာခြေသံလုံလုံနဲ့
လူသားနှစ်ယောက် လျို့ဝှက်စွာ သွားလာနေကြသည်။

ခပ်ကြီးကြီးနန်းဆောင်တခုရှေ့အ‌ရောက်မှာ
အနက်ရောင်ဝတ်ရုံနှင့်လူသားသည်
နန်းဆောင်တိုင်တခုကိုကွယ်ကာ
အဆောင်အတွင်းထဲက
အဖြစ်အပျက်တွေကိုမြင်ရကြားရရုံ
ပုန်းကွယ်ကာစောင့်နေလေသည်။

အဖြူရောင် ဝတ်ရုံနဲ့ လူသားသည် ခန်းမဆောင်၏
တံခါးကို အသာအယာဖွင့်ကာ ဝင်သွားခဲ့သည်။
မဝင်ခင်မှာလည်းအနက်ရောင်ဝတ်ရုံနဲ့လူကို
ခေါင်းငြိမ့်ပြကာ အချက်ပေးခဲ့သေးသည်။

'ကျွီ......."

တံခါးဆောင်ပွင့်သွားသည်နှင့်တပြိုင်နက် ရှင်ဘုရင်သည် ထိုင်နေရာ မှ မတည်မငြိမ် ထကာရပ်သည်။

အဖြူရောင်ဝတ်ရုံနှင့်လူသားလေးဟာဘာစကားမှ
မပြောခင်အချိန်မှာ ဘေးဘီဝဲယာကို
တချက်အကဲခတ်လိုက်သေးသည်။

"ဘယ်သူမှာ မရှိတာမို့စိတ်ချလို့ရပါတယ်"

လေသံခပ်ဖျော့ဖျော့ဟာ
ဧကရာဇ်ဘုရင်တပါးဆီက ခယသံတခု

အဖြူရောင်ဝတ်ရုံလေးဆီက
စကားသံစတင်ထွက်ပေါ်လာသည်။

"ကျုပ်ဘယ်သူလဲဆိုတာ ခဗျားသိနေတယ်မလား"

"လမင်းလေး ဆိုတာ သိနေပါတယ်"

တောင်းပန်တိုးလျိုးသံပမာ ရှင်ဘုရင်၏အသံသည် ခပ်ဖျော့ဖျော့သာပါပဲ

ထိုပြန်ဖြေသံကို အဖြူရောင်လေးဟာ မချိသော
လှောင်ပြုံးတချက်ဖြင့် ခေါင်းငြိမ့်ပြပြီး
မျက်ခုံးတို့ကိုသိသိသာသာပင့်ချီကာ ထပ်မေးသည်။

"သိနေတော့ရော မသတ်ချင်ဘူးလား
ဒါမှမဟုတ် မသတ်သေးတာလား"

ရှင်ဘုရင်ကြားနေရတာက မေးခွန်းမဟုတ်
အဆိပ်မြှားတွေသာသာပါပဲ
မဖြေခင်ကကိုမျက်ရည်တွေ ဝဲနေမိသည်။
နုတ်ခမ်းတွေတုန်ရီနေမိသည်။ သူရှင်းပြချင်မိပါသည်။ အမှားတွေမကင်းပေမယ့် ခွင့်မလွှတ်ရင်တောင်
မမုန်းဖို့ တောင်းဆိုချင်ပါသေးသည်။

ပန်းယောင်ဆောင်သောချယ်ရီငယ်Where stories live. Discover now