Part -14လွဲမှားခြင်း

695 73 4
                                    

"အမင်အခုဆုံးဖြတ်ရမယ် မိဘတွေနဲ့အမင့်ရဲ့ ကံကြမ္မာ သွေးကြွေးကို ပြန်ဆပ်ရမှာ အမင့်တာဝန်ပဲ အိုစွန်းအခုလို ဘဝတခုလုံးကို နှစ်မြုပ်ပြီးအမင့်ကို ကာကွယ်လာတာက အမင့်ကို ထီးနန်းပြန်ပေးပါ့မယ်ဆိုတဲ့ ကတိကို အမင်ရဲ့အဖေ မင်းကြီးကို ပေးခဲ့လို့ပဲ ပြီး ညီမလေး ဆိုမင်အတွက် ပြီးတော့ အမင့်အတွက် "

"ကျနော့်အတွက် ဟုတ်လား"

"ဟုတ်တယ် အမင်က အခုချိန်ဆို ရှင်ဘုရင်ဖြစ်နေရမှာ ပြီးတော့ လူကောင်းတယောက်လို နေထိုင်နေရမှာ "

"ကျနော်လို့ အဆိပ်မိထားတဲ့လူတယောက်ကို
ဘုရင်တင်ဖို့ အိုစွန်းတွေးနေတာလား"

"မင်းကို ဘုရင်မတင်လို့ ငါဘယ်သူ့အတွက်
တွေးနေရဉီးမလဲ အိမ်ရှေ့စံ"

"ကျနော်လိုလူတယောက် ကို ဘာလို့ယုံကြည်ပြီးများ
ထီးနန်းပေးဖို့ အသက်တွေ စတေးမှာလဲအဆိပ်ကြောင့် ကျနော်က ဘယ်လောက်ရှင်သန်ခွင့်ရဦးမှာမို့လဲ""

"စိတ်မပူနဲ့အမင့်ကိုယ်တွင်းကအဆိပ်ကို
ဖြေဆေးမသိခဲ့ပေမယ့်
အမင့်အဆိပ်တွေ ပျံ့မသွားအောင် အမင့်ကိုအမြဲတိုက်တဲ့ ဆေးမြစ်တွေ ဆေးရွက်တွေက ထိန်းပေးနိုင်တယ်"

"အဲ့ဒီဆေးပင်တွေကရော ဘယ်အချိန်ထိ ရနေနိုင်မှာမို့လဲ အသက်ရှင်ဖို့မသေချာတဲ့ကျနော့်အတွက်
အိုစွန်းအသက်ကို ပေးဆပ်တာ တန်လို့လား"

"ဟောဒီဉယာဉ်ကြီးတခုလုံးက အမင့်အတွက်
ဆေးပင်တွေကြီးပဲလေ"

**********************

"အိုစွန်း ပန်းပင်ဘေးက ပေါင်းပင်လေးတွေကို
အမင်နုတ်လိုက်မယ်နော်"

"မနုတ်ရဘူးအမင် သေချာစိုက်ထားတာ "

"ဟွန်း အလေ့ကျ ပင်တွေကို အိုစွန်းမို့ စိတ်ရှည်တယ် "

********************

"အမင် အဲ့ဒါဘာလုပ်တာလဲ"

"မလှလို့ ခုတ်လိုက်တာ"

"ဖြန့်စမ်းအဲ့လက်"

"အ အိုစွန်း ဘာလို့ရိုက်တာလဲ"

"နောက်ခါ အဲ့အပင်တွေကိုဆော့ပစ်တာဖြစ်ဖြစ်
နုတ်ပစ်တာဖြစ်ဖြစ် ခုတ်ပြစ်တာဖြစ်ဖြစ်
အဲ့ဒီလက်တွေကို အပြစ်ပေးမယ်ကြားလားအမင်"

ပန်းယောင်ဆောင်သောချယ်ရီငယ်Where stories live. Discover now