အရာရာဟာ တိတ်ဆိတ်နေတော့သည်။
နယ်စားမင်း၏ အသက်ရှုသံကတော့
ခပ်လေးလေး ကြားနေရစဲ ။ထိုညက စကားတွေ များပြီးနောက်
အမင်ကနယ်စားမင်းနှင့် မျက်နှာချင်းမဆိုင်ဘဲရှောင်နေမိသည်။ဒီမနက်မှ ဆေးဆရာကြီး ပြန်ရောက်ပြီး စမ်းသပ်မည်ဆို၍ အမင့်တို့အဆောင်မှာ လူစုံနေတော့သည်။
ယောကျ်ားလေးတယောက်ဖြစ်ကြောင်း
ဖုံးကွယ်ထားသည့်အမင်သည် ဆေးဆရာကြီးမှ
တဆင့် သိသွားရင်ခက်ရချည်ရဲ့ဟုသာ
တွေးတွေးပြီး ပူပန်နေမိသည်။ခေါက်တုံခေါက်ပြန်လျှောက်နေသော
ခြေလှမ်းတို့နှင့်နယ်စားမင်းသည် လည်း
အလွန်ပင်စိတ်ပူပန်နေမိသည်။အကြောင်းရင်းကတော့
နယ်စားမင်းအိမ်တော်တွင် အမင့်အတွက်ကြိုသော
ဆေးမြစ်များကို နန်းတော်ရောက်တဲ့အခါ
စစ်ဆေးကြည့်မိသည် အမင့်ကိုတော့ပြောမပြဘဲ
မိမိသဘောနှင့်သာစစ်ဆေးဖို့ ဆုံးဖြတ်လိုက်သည်။ဒီနေ့မှ ဆေးဆရာကြီး၏တပည့်လေးက
ဆေးမြစ်ရဲ့အာနိသင်အကြောင်းလာပြောလေသည်။ထူးဆန်းနေသည်က ထိုဆေးမြစ်က အဆိပ်အတွက် သောက်ရသော ရှားပါးဆေးပင်တမျိုး
တိတိကျကျပြောရရင် ကျနော်လမင်းလေးအတွက်
ရှာဖွေပေးဖူးတဲ့ဆေးမြစ်တမျိုး
ထိုဆေးမြစ်ကက ရှားပါးပြီးအသုံးဝင်ကြောင်းအား
လူသိသိပ်နည်းသည်။ နည်းတာမှ
ဆေးပညာရှင် သမားတော်တွေပင်
သိသူနည်းသည့်ဆေးမြစ်အား အိုစွန်းက
ဘာလို့ လွယ်လင့်တကူ ရှာဖွေနိုင်ပြီး သိနေရသလဲ။ အမင်ကရော ဘာကြောင့် အဆိပ်ဖြေဆေးမြစ်ကိုသောက်နေရသလဲ အမင့်မှာ ဘာဝေဒနာတွေများ ဖြစ်နေလိမ့်မလဲ။ကံကောင်းထောက်မစွာ နန်းတွင်းဆေးသမားတော်ကြီးက ခရီးကပြန်ရောက်သည်နှင့်
လေးလေးစားစားလာကြည့်ပေးလေသည်။ကြယ်လေးကိုကျေးဇူးတင်ရမည်
ရှင်ဘုရင်၏တချက်လွတ်အမိန့်မို့သမားတော်ကြီးဟာ
အမင့်ကိုလွန်စွာ ဂရုစိုက်ရှာသည်။ အခုလည်း
အဆောင်တော်အပြင်ကစောင့်ပါဟုပြော၍သာ
စောင့်နေရသော်လည်း အမင့်အခြေအနေကို
သိချင်လှသည်။ အမင်ကတော့ကျနော့်ကိုသိသိသာသာ ရှောင်နေလေသည်။
YOU ARE READING
ပန်းယောင်ဆောင်သောချယ်ရီငယ်
Fanfictionမင်းကို စတွေ့တဲ့အချိန်မှာ ငါ့နှလုံးသားလေးသေဆုံးသွားတယ် ပြီးတော့ပြန်နိုးထလာတယ် သွေးကြောတွေနဲ့မဟုတ်ပဲ ချစ်ခြင်းတွေနဲ့ ပေါ့ ချယ်ရီငယ် နယ်စားမင်း ဂျွန် အမင်ကဘယ်သူလဲလို့ ဘယ်သူမေးမေး အမင်ဟာ အမင်ပါပဲ အမင်ကပန်းတပွင့်မဟုတ်သော ချယ်ရီငယ် အမင် သို့မဟုတ် park...