Part-8 နေမင်းရယ် လမင်းရယ် ကြယ်လေးရယ်

856 92 5
                                    

"ဖခင်bang ခေါ်တယ်ဆို"

"တရားရေးစီရင်ဖို့တွေ မင်းမေ့နေတာလား နယ်စားဂျွှန်"

"ဟုတ်ကဲ့ ကျနော်အခုပဲ အစီရင်ခံစာလွှာတွေကို ဖတ်ပြီး လုပ်စရာရှိတာတွေလုပ်လိုက်ပါမယ်"

"မင်းရဲ့ပွဲကိုဘုရင်ကိုယ်တိုင်တက်ရောက်မယ်တဲ့ သားဂျွန်"

"သူကဘယ်လိုသိသွားတာလဲ"

"မင်းသတင်းတွေက ကောလဟာလတွေက နန်းတော်ကိုအရင်ရောက်သွားတာလေ"

"ကျနော် ချွဲဂန်ယောင်းနဲ့ မျက်နှာချင်းမဆိုင်ချင်ဘူး ဖခင်"

ရှင်ဘုရင်ဖြစ်လာတဲ့ ချွဲဂန်ယောင်းရယ် ကျနော်jeon jungkook ရယ် နောက်ထပ် သူငယ်ချင်းတယောက်ရယ် စုစုပေါင်းသူငယ်ချင်းသုံးယောက်က ငယ်သူငယ်ချင်းတွေပေါ့

ငယ်စဉ်တုန်းက သိပ်ချစ်ခဲ့တဲ့ ကျနော်တို့သူငယ်ချင်းသုံးယောက်အခြေအနေက ဘုရင်ဖြစ်လာတဲ့ ချွဲဂန်ယောင်းမိဘတွေကြောင့် ပျက်စီးခဲ့ရတယ်

ရှင်ဘုရင်ကတော့ ကျနော့်ကို သူငယ်ချင်းမို့အရေးပေးပါရဲ့ သို့သော် သူ့ရဲ့ ဆုံးဖြတ်ချက်တွေ ဟာမမှန်ကန်မူများတာမို့ နယ်စားမင်းလေးဟာ နန်းတော်ရဲ့ အဝေးမှာ နားအေးပါအေးလာနေခဲ့တဲ့အဖြစ်တွေပေါ့

*************************

"ဒီပန်းချီကိုကြည့် ဂု "

"လှတာပဲ ကိုယ်တော် က အမြင်ရှိတယ်"

"ဟာ အဲ့လိုကြီးမခေါ်နဲ့ မကြိုက်ဘူး"

"ဘယ်လိုခေါ်ရမလဲ ဂု မခေါ်တတ်ဘူးလေ"

"ဟိတ် ကြယ်လေး ဒီကိုလာ ဒီမှာ လက်ဝါးပန်းချီဆွဲမလို့"

"ဟာ ဟုတ်လား လာပြီ"

ငါးနှစ်သားကလေးသုံးယောက်က ပိတ်သားတွေအပေါ် ပန်းချီဆွဲပြီး ဆော့ကစားနေကြသည့် မြင်ကွင်းဟာ နယ်စားလေး မြင်ကွင်းမှာ ပြန်လည်ထင်ဟပ်လာမိသည်။

ထိုညက အိပ်၍မပျော်ပါ အမင့်ကိုလည်းသတိရမိသလို အတိတ်အကြောင်းတွေကိုတွေးမိနေတာမို့

ကြာကန်အနီးမှာ နယ်စားမင်းလေး လမ်းလျှောက်နေမိသည်။

မျက်နှာပေါ်မှာ လရောင်ဖျော့ဖျော့ ဟာ မသိမသာ ပြေလျော့နေခဲ့သည်

ပန်းယောင်ဆောင်သောချယ်ရီငယ်Where stories live. Discover now