"မောင်ရေ...."
မောင်တို့သားအဖကတော့လေ အပြင်မှာအခုထိ ရေဆော့လို့မပြီးသေးဘူးနေမှာ။
ထယ်ယောင်း မီးဖိုခန်းကနေ အိမ်ရှေ့ထွက်လာလိုက်သည်။ထင်သည့်အတိုင်း ဘုံပိုင်နားမှာ သားသားက အဝတ်ဒန်ကန်ထဲ ရောက်နေတာ မောင်က သားကိုချိုင်းကကိုင်ကာ ရေစိမ်ပေးထားတာဗျာ။ဟိုကလေးလေးကလည်း သုံးလခွဲသာဆို အခုက ထိုင်တတ်နေပြီ။လူကြီးကလည်း ကျစ်လို့ခဲလို့။
"ဆပ်ပြာတိုက်ပြီးပြီလား"
"မောင်တိုက်ပေးထားတယ် ထယ့်သားဇိမ်ကျနေတာ ကြည့်ပါအုံး ဒီကောင်ကအလည်"
"ခစ်ခစ်ခစ်"
သားသည် သူ၏ လက်များနှင့်ရေကိုယက်က ဆော့၍ ထယ်ယောင်းနှင့်မောင့်ပါ ရေတွေစင်လာလေ၏။
"အာ...ဖေဖေ့သားကကွာ"
ထယ်ယောင်း သားပါးကြီး နမ်းချပစ်လိုက်သည်။မောင်သည်လည်း သားနှင့်ထယ်ယောင်းအားကြည့်လျက် ပြုံးနေလေသည်။
"မောင် မင်းလည်း မြန်မြန်ချိုး သားက ရေနွေးအောင် ဘုံဘိုင်က လှုပ်ချိုးပေးမယ့် မောင်ကတော့ မြန်အောင် ရေတင်ထားပြီးသားထဲ ချိုးလိုက် သွား ဟိုနား"
"ထယ်ရော ရေမချိုးဘူးလား"
"ခဏနေမှ သားအရင် အဝတ်လဲရမယ်"
"ခဏ ရွှတ်"
ထယ်ယောင်း ပါးအား ရွှတ်ကနဲ နမ်းပြီး ထသွားသည့်မောင့်ကြောင့် ထယ်ယောင်း ကြောင်တောင်တောင်လေး ဖြစ်နေမိ၏။သား၏ ရေထဲ တဗွမ်းဗွမ်း လှုပ်ခတ် ဆော့နေသံကြောင့် သားဘက်ပြန်လှည့်ကာ သားအား ပွေ့ယူခေါ်ပစ်လိုက်တော့သည်။
"အယ် အဂျစ်ကလေး ရေချိုးပြီးတာလား ဖွားဖွား ခါးခါးသွေးထားမယ်နော်"
ဒေါ်လေး က သားနှင့် ထယ်ယောင်း အပေါ်တက်ခါနီး အနားလာပြောတာမို့ သားက သူ့ဖွားဖွားအား မျက်လုံးဝိုင်းနှင့်ကြည့်နေရှာလေသည်။
"ကျေးဇူးပါ ဖွားဖွားလို့ ပြောလိုက်သား"
"အဲ"
အပေါ်ထပ်တက်လာကာ အိပ်ခန်းထဲ ဝင်လာလိုက်တော့သည်။ကုတင်ပေါ် သားကိုလှန်တင်ထားပြီး သားအတွက် အင်္ကျီကလေးများ ထုတ်ရသည်။
မှန်တင်ခုံပေါ်က ပေါင်နာမုန့်သံဘူးဝိုင်းလေး ယူကာ သားနား ပြန်လာလိုက်သည်။ဝတုတ်လုံးကလေးကို ပေါင်နာမုန့် ပုတ်ပေးတော့ ခစ်ခစ် ခစ်ခစ်နှင့်ရယ်နေရှာလေသည်။
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanfictionထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...