"ဒါက ဘယ်သူလဲ မမစိုး"
မမစိုးသည် မီးရထားဂိတ်ကပို့လိုက်သည့် ပစ္စည်များကို စစ်နေရင်း မေးသည့်အဖြေဖြေဖို့ နံရံက ဓာတ်ပုံကို မော့ကြည့်လိုက်လေသည်။
"အဲဒါ ဒီလုပ်ငန်းပိုင်ရှင်လေ"
"အို...ဝေဝေက အသက်ကြီးကြီး ဘိုးတော်ကြီးထင်လို့ တယ်ချောတယ်သားနားပါ့လား"
ဝေဝေသည် ပုခုံးလေးပင့်ကာ မခိုးတရို့နှင့်ပြုံးစစ ပြောလေသည်။မမစိုးဆိုသည်သူသည် မျက်စောင်းလေးထိုးကာ
"အမလေး မိဝေဝေရေ မနေ့တစ်နေ့ကမှ အလုပ်ရောက်တယ် သူဌေးမှန်းနေပါရောလား"
"အို ဝေဝေက ချောလို့ရင်ခုန်မလို့ပါတော့"
"သူ့မှာ အိမ်ထောင်ရှိတယ် မင်းဆင်ခြင်နော်"
ဝေဝေသည် မျက်ခုံးလေးပင့်ကာ ဓာတ်ပုံကိုမော့ကြည့်ပြန်သည်။
"အို နှမြောစရာကြီး သူ့အမျိုးသမီးကချောသလား"
"အမျိုးသားလို့မေးရင် ပိုမှန်တယ်"
"ဘယ်လိုကြီးလဲ"
"တို့ဆရာက အရေးပိုင်မင်းသားကို အရယူထားတာလေ ပင်းတယမှ တို့ဆရာအတွဲက နာမည်ကြီးဘဲ အစကတော့ သူ့ညီမလေးကိစ္စကြောင့်ရွဲ့ယူတယ်ပေါ့လေ အခုတော့ အို ချစ်လိုက်တာ ပျာယာတွေကိုခတ်နေတာ"
"ဟင် ဒါဆိုဆရာက အခြောက်ပေါ့"
မမစိုးသည် စိတ်မရှည်သည့်မျက်နှာပေးနှင့်ကြည့်ကာ အနီးမှာရှိသည့် ခုံကလေးပေါ်ထိုင်ပစ်လိုက်လေသည်။
"သူ့ပုံက အခြောက်ပုံပေါက်နေလို့လားအေ့"
"ဟင့်အင်း ဒီလောက်ခန့်ညာနေတာ ဒါဆို ဟိုအစ်ကိုက အခြောက်ပေါ့နော်"
"ငါတို့မြင်ဖူးနေကြ အခြောက်တွေဟာ မိတ်ကပ်အထူသား နှုတ်ခမ်းနီထူလပစ်နဲ့ ဆံပင်တုကြီးတကားကားနဲ့ တကယ့်အမြငါကပ်စရာမလား အခုတို့သူဌေးယူထားတဲ့ အရေးပိုင်မင်းကြီးသားက အေးချမ်းတယ် မိန်းမမဆန်ဘူး ယောက်ျားလေးတစ်ယောက်ဘဲ ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်ရှည် ကြည်ကြည်ပါးပါးလေး"
"အို ဘယ်လိုနေနေ နှမြောစရာကြီး"
"မနှမြောနဲ့ သူတို့ဘဝကသာယာတယ် လာ မသာယာတာ ငါတို့ဖြစ်သွားမယ် ဒီပစ္စည်းစရင်းတွေ စစ်ရမယ်"
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanfictionထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...