"Papa ဒီမှာကြည့် သားစာတွေအများကြီးရေးထားတယ်"
"ဟမ်....ဟုတ်လား Papaကိုပြပါဦး"
ဆောင်းဟွန်းကစာအုပ်ဖတ်နေရင်းနဲ့ သားသားလာပြတဲ့ စာအုပ်ကိုယူကြည့်လိုက်သည်....
"Wow...Papaသားလေးကတော်လိုက်တာ Cလေးတွေရေးထားတာအရမ်းလှတာပဲ very good baby"
"Thank you Papa...."
Jakeနဲ့စာသင်ပြီးတစ်ပတ်အကြာမှာပဲ ချောလ်ဆူက စာတွေလည်းအများကြီးရေးလာသလို english greetingအတိုလေးတွေလည်းပြောနိုင်လာသည်........
Jakeကတော့ စာသင်ပြီးရင် ခပ်ကြာကြာတောင်မနေတော့ပဲ ပြန်သွားတတ်သည် ဆောင်းဟွန်းနဲ့တောင် စကားကြာကြာမပြောတော့....
ကြည့်ရတာ Ethan Leeကိုတော်တော်ကြောက်သွားတဲ့ပုံ......"သားသားစာပြီးပြီဆိုတော့ TVသွားကြည့်မလား သွားလေ"
"ဟင့်အင်း သားသားကစားကွင်းသွားချင်တယ် Papa"
"သွားလေ Papaလိုက်ပေးရမှာလား လာ"
"ဟုတ်ဘူး ဟုတ်ဘူး သားက ကလေးလေးတွေနဲ့တူတူဆော့ချင်တာ တစ်ယောက်တည်းဆော့ချင်ဘူး"
ချောလ်ဆူအတွက် အိမ်မှာကစားကွင်းသပ်သပ်လုပ်ပေးထားပေမဲ့ ကလေး
သဘာဝ အဖော်တွေအများကြီးနဲ့ဆော့
ချင်တာမထူးဆန်း.....ထူးဆန်းတာက သူ့အဖေ.....
အိမ်ထဲကအိမ်ပြင်မထွက်ရအမိန့်ကြောင့် ဆောင်းဟွန်းတောင်ပိတ်မိနေတာပဲကြည့်
ဂျောင်ဝန်းကအားလို့ ဖုန်းဆက်ခေါ်ရင်တောင် သွားမတွေ့နိုင်ဘူး...."Papaတို့အပြင်သွားလို့မရဘူးလေ ချောလ်ဆူရဲ့ Daddyက အပြင်မထွက်ရဘူးလို့မှာထားတယ်"
"ရဘူး ရဘူး သွားချင်တယ် TVထဲကလိုမျိုးဆော့ချင်တယ်လို့ Papaပြောပေး "
ချောလ်ဆူက ဂျစ်ကျနေတာမို့ ဆောင်းဟွန်းတစ်ယောက်စိတ်ညစ်လာရသည်
ခေါင်းမာတဲ့သားနဲ့ စည်းကမ်းကြီးတဲ့အဖေကြားမှာ မြေစာပင်လေးဆောင်းဟွန်းက ဘယ်ရွေးရမှန်းမသိ......
နောက်ဆုံးတော့ ချစ်ဖို့ကောင်းတဲ့ကလေးလေးကြောင့် ဓားတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်ပြီး ဘီလူးကြီးကိုရင်ဆိုင်
ဖို့ ဆုံးဖြတ်လိုက်ပါတယ်.....
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......