"အား..ကျွတ် ကျွတ်"
ဇက်ပိုးဆီမှနာကျင်မှုနဲ့အတူ ဆောင်းဟွန်းသတိရလာခဲ့သည်~
"ဒါဘယ်နေရာလဲ??"
အလင်းရောင်တစ်စက်မှမမြင်ရဘဲ ပိန်းပိတ်အောင်မှောင်နေတဲ့နေရာ~~
နှာခေါင်းထဲကိုဝင်လာတဲ့ အနံ့အသက်ဆိုးတစ်ချို့~
ဘယ်ညာရုန်းကြည့်သော်ငြား ခန္ဓာကိုယ်ကိုကြိုးတုပ်ထားသဖြင့်အချည်းနှီးသာ~~
အသားတွေပွန်းပဲ့နာကျင်လာတာပဲအဖတ်တင်သည်~~
သူနောက်ဆုံးမှတ်မိတာက သူ့ရှေ့မှာလဲကျသွားတဲ့Maki....
Maki ဘယ်ရောက်သွားလဲ? သေတော့မသေလောက်ပါဘူးနော်~
တကယ်လို့ Makiသာသေသွားခဲ့ရင် ဆောင်းဟွန်းတော့သူ့ကိုယ်သူအပြစ်တင်လို့ဆုံးမှာမဟုတ်တော့ဘူး~~
အလွယ်ယုံတတ်တဲ့သူ့အကျင့်ကပဲသူ့ကိုပြန်ပြီးဒုက္ခပေးပြီထင်ပါရဲ့~~~
*ချပ်*
တံခါးဖွင့်သံနှင့်အတူ လင်းချင်းသွားတဲ့အခန်းကြောင့် ဆောင်းဟွန်းမျက်လုံးတွေကအလင်းရောင်ကိုမခံနိုင်စွာစုံမှိတ်လိုက်သည်~~
ခဏကြာမှမျက်လုံးဖွင့်ကြည့်တော့ သူ့ရှေ့မှာရပ်နေတဲ့သတ်လတ်ပိုင်းလူကြီးတစ်ယောက်~
"သတိရလာပြီပဲ~Ethan Leeရဲ့ရတနာလေး"
"ခင်ဗျားဘယ်သူလဲ? ကျွန်တော့်ကိုဘာလို့ဖမ်းထားတာလဲ?"
"Ethan Lee.....ဟက်~~သူ့ကိုတစ်စစီခြေမွပစ်ချင်တဲ့သူရှိနေလို့ပေါ့ "
"အဲ့တာ သူနဲ့ရှင်းလေ~ကျွန်တော်နဲ့ဘာဆိုင်လဲ?"
"ဟား ဟား ဟား~~မင်းက Ethan Leeရဲ့အားနည်းချက်လေ ကောင်လေးရဲ့~အဖက်ဖက်ကနေပြီးပြည့်စုံလွန်းတဲ့ Wings ရဲ့Ethan Leeကကောင်လေးတစ်ယောက်ကို သူ့အိမ်မှာဖွက်ထားတယ်ဆိုတုန်းကတကယ်မယုံနိုင်ဘူး~~လူချင်းတွေ့မှပဲ Ethan Leeဘာလို့သည်းသည်းလှုပ်နေ
လဲ သဘောပေါက်တော့တယ်~တကယ် အလှလေးပဲ ဟမ်"အဲ့လူကြီးကဆောင်းဟွန်းမျက်နှာကိုလက်နှင့်ပွတ်သပ်လာတာကြောင့် ချက်ချင်းခေါင်းယမ်းပစ်လိုက်သည်~~
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......