"မရဘူး မရဘူး သားလည်းလိုက်မယ်လို့ "
"သားကဘာလိုက်လုပ်မှာလဲ..Papaနဲ့Daddyက အန်တီYukiတို့ကို လေဆိပ်ပို့ပြီးတာနဲ့ပြန်လာမှာလေ"
"မရဘူး လိုက်ချင်တယ်ဆို~~လိုက်ခဲ့မယ်လို့~ဟင့်"
အပြင်ထွက်ချင်လို့ ဂျစ်ကျနေတဲ့ကောင်လေးကြောင့် ဆောင်းဟွန်းမှာ ချော့မော့ပြောနေရသည်
ဒီကလေး ခေါင်းမာချက်ကတော့ လက်လန်~~
"ပြန်လာရင် Papaက သားကြိုက်တဲ့မုန့်တွေဝယ်လာပေးမယ်လေ~သားကစာသင်ရဦးမှာကို"
"ဒီနေ့မသင်ချင်တော့ဘူး"
"အယ်~အဲ့လိုမရဘူးလေ Riki Chanလေးရဲ့~ဆရာ့ကိုအားနာစရာတွေဖြစ်ကုန်မှာပေါ့"
"အာ့ဆိုPapa ပြောပေး~Daddyကိုပြောပေးလို့ "
Rikiက လိုချင်တာမရမချင်း ဆောင်းဟွန်းလက်တွေကိုဆွဲခါနေတာကြောင့် ဆောင်းဟွန်းမှာခေါင်းတောင်ကိုက်ချင်လာရသည်...
"Riki ဒါက ဘာဖြစ်နေတာလဲ?"
"ဟိုဟာ~ကလေးက သူ့အန်တီပြန်မှာကိုလိုက်ပို့ချင်တယ်ဆိုလို့..အဲ့တာ"
"..........."
ဟီဆွန်းကနားထောင်ပြီးဘာမှပြန်မပြောတာ
ကြောင့် Rikiကငိုမဲ့မဲ့~"ခေါ်ချင်ခေါ်ခဲ့လိုက်လေ~တစ်ရက်တစ်လေပဲ"
"Yay~~Daddyကိုအရမ်းချစ် မွမွ"
ချက်ချင်းကိုပဲ ဆောင်းဟွန်းကိုချွဲနေတဲ့ Rikiက သူ့Daddyဆီပြေးသွားပြီး ချွဲနေပြန်သည်
တကယ့်အလည်လေး~~~
"ပုံမှန်အတိုင်းပဲနေစမ်းပါ~မင်းစာသေချာလုပ်တယ်ဆိုလို့ ခေါ်သွားတာနော်"
"ဒါဆို Jakeဆီကိုဖုန်းဆက်......."
"ရတယ် ငါပဲဖုန်းဆက်ပြောလိုက်မယ် သူလည်းတစ်ခါတစ်လေတော့နားချင်မှာပဲ"
ဘုရားရေ~
ဒီနေ့အီဟီဆွန်းက ဆေးစားမှားနေပြန်တာတော့မဟုတ်ပါဘူးနော်~~
ဟီဆွန်းမှာသာတန်ခိုးရှိရင် ဆောင်းဟွန်းခေါင်းပေါ်က ?? လေးတွေကိုမြင်ရမှာအသေအချာပင်~
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......