အဝါရောင်ကလေးအသုံးအဆောင်ပစ္စည်းလေးများဖြင့်ပြည့်နေသော အခန်းလေးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်~~
မကြာမီမှာပင် အခန်းပိုင်ရှင်လေးနိုးလာပြီး နိုးနိုးချင်းသူ့ဘေးကနေရာလွတ်ကို
ကြည့်၍အရွယ်နဲ့မလိုက်သက်ပြင်းလေးချကာ နှုတ်ခမ်းပိစိလေးမှာတစ်တောင်
လောက်ဆူထွက်လာလေသည်~~Rikiတစ်ယောက် ကုတင်ပေါ်မှဆင်းကာ အခန်းတံခါးဖွင့်၍မျက်နှာချင်းဆိုင်အခန်းကိုပြေးသွားကာတံခါးကိုခပ်ပြင်းပြင်းလေးခေါက်လိုက်သည်~~
အထဲကlockချထားမှန်းသိတာကြောင့် တံခါးကိုသာခပ်စိပ်စိပ်လေးခေါက်လိုက်တော့ မနေနိုင်တော့သည့်သူကတံခါးလာဖွင့်ပေးသည်~~
"ကျစ်....Riki နိုးပြီဆိုရင်လည်း ရေမိုးချိုးပြီးကျောင်းသွားဖို့ပြင်ထားတော့လေ~ဘယ်လိုလုပ် တံခါးကိုအသေအလဲခေါက်နေတာလဲ??"
အခန်းတံခါးဝမှာ ညဝတ်အင်္ကျီလျော့တိလျော့ရဲ အိပ်မှုန်စုံမွှားနှင့် ဟီဆွန်းသည်
သူမနိုင်သောသူ့သားကိုမာန်သလိုလေးပြောသည်~~"Daddyကလဲ~အခုမှ အစောကြီးရှိသေးတာကို~သားကဘယ်လိုလုပ်ကျောင်းသွားရမှာလဲ??"
ဘဲပေါက်စက မချိုမချဥ်မျက်နှာပေးဖြင့်....
"အဲ့တာဆိုလည်း မျက်နှာသစ်ပြီး အောက်ဆင်းမနက်စာစားနှင့်တော့~ဒီမှာ မင်းPapaကအိပ်တုန်းရှိသေးတယ်
မနှောင့်ယှက်နဲ့~သွားတော့""ဟာ့~Daddy အကျင့်ပုတ်~"
ဟီဆွန်းကပြောပြီး တံခါးပြန်ပိတ်သွားတာကြောင့် Rikiတစ်ယောက်ဆူပုတ်ပုတ်လေးဖြစ်သွားသည်~
အီဟီဆွန်းရဲ့သားလေးမို့လို့ သူကလည်း
မခေ~အခန်းတံခါးကိုတစ်ကျော့ပြန် အသေအလဲခေါက်နေပြန်၍သည်းမခံနိုင်တော့သည့်
ဟီဆွန်းကတံခါးလာဖွင့်တုန်း အထဲကိုလှစ်ခနဲဝင်ပြေးသွားလေသည်~~~"ဟာ~~ဒီကောင်ကတော့......"
Rikiက ကုတင်ပေါ်ပြေးတက်သွားပြီး အိပ်ပျော်နေဆဲ Papaဘေးတွင်ပြန်အိပ်ဖို့
ကြံလိုက်သည်~"ဟေ့~အိပ်ချင် ကိုယ့်အခန်းကိုယ်သွားအိပ်~သွား"
ဟီဆွန်းကကုတင်ပေါ်က ကပ်ပါးကောင်ဘဲပေါက်စကိုနှင်ထုတ်ပါသော်လည်း ထိုပေါက်စကသူ့စကားကိုအရေးပင်မစိုက်~
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......