"ဆောနူရေ မပြန်သေးဘူးလား?? ဟိုမှာ
စောင့်ရတဲ့သူကိုအားနာစရာ...""ဘာကိုအားနာရမှာလဲ? ငါလဲသူ့ကိုစောင့်ခိုင်းထားတာမဟုတ်ပဲနဲ့ကို...."
ဆောနူက ဆွဲလက်စအင်္ကျီဒီဇိုင်းကို လက်စသတ်နေရင်းပြောသည်~~
"ဟဲ့ နင်ကတော့လေ~အသည်းနှလုံးမရှိတဲ့ကောင်~ဟိုမှာ အချောလေးတစ်ယောက်တည်း
အကြာကြီးစောင့်နေရတာ သနားပါတယ်ဟယ်"ပြတင်းပေါက်ကနေငေးကြည့်နေရင်းပြောလာတဲ့ယူနာရဲ့စကားကြောင့် ဆောနူပြုံးလိုက်မိသည်~
သူကအခုမှစောင့်ရတာပါ...ငါကတော့သူ့ကိုအချိန်အကြာကြီးစောင့်နေခဲ့ရတာဆိုတာကိုတော့ စိတ်ထဲကသာပြောဖြစ်လိုက်သည်~~
~
~
~
~
~
~"ဆောနူ ဒီနေ့နောက်ကျတယ်နော်"
ကားတံခါးကိုမှီရင်းဖုန်းသုံးနေတဲ့ ဂျိတ်ခ်ကဆောနူလက်ထဲကအိတ်လေးကိုလှမ်းယူရင်းပြောသည်~
"အင်း~~အပြီးသတ်ရမဲ့ဒီဇိုင်းလေးတွေရှိနေလို့"
"ကိုယ်တို့ဒီနေ့ညစာတူတူသွားစားရအောင်"
"ဒီည ဆောင်းဟွန်းနီးဟျောင်းတို့ဧည့်ခံပွဲသွားစရာရှိလို့ Rikiကိုထိန်းပေးရမှာ...."
ဆောနူရဲ့မျက်နှာတည်တည်လေးကိုကြည့်ရင်း
ဂျိတ်ခ်တစ်ယောက်သက်ပြင်းခိုးချလိုက်မိသည်~~သူ့မှာခက်ခက်ခဲခဲကြိုးစားပြီးမှ ဆောနူကိုအပို့အကြိုလုပ်ခွင့်ရခဲ့တာဖြစ်ပြီး ဘာဘာညာညာအဆင့်တက်ဖို့ကတော့ ကမ်းမမြင် လမ်းမမြင်ဖြစ်နေပါသေးသည်~~
ကြည့်ရတာဆောနူကအရင်တုန်းကကိစ္စကြောင့်သူ့ကိုအခုထိစိတ်ဆိုးနေသေးပုံပဲ~~
"ပိတ်ရက်ကျရင်တော့ ကိုယ်အိမ်ကိုလာခဲ့မယ်နော်
ရတယ်မလား?? ""သဘော....."
ဂျိတ်ခ်ကနှုတ်ခမ်းစွန်းနှစ်ဖက်ကော့တက်သွားသည်အထိပြုံးသည်~
ဆောနူကတော့မသိမသာမျက်စောင်းတစ်ချက်သာလှမ်းထိုးလိုက်သည်~~
သူမလာနဲ့ပြောလဲ ဒီသြဇီသားကနားထောင်တာကျလို့~~
°~°~°~°~°~°~°~°~°~°~°~°~
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......