"Papaညှပ်လိုက်တာသားဆံပင်အရမ်းတိုသွားပြီ ဟွန့်"
rikiက ဆောင်းဟွန်းလက်တည့်စမ်းထားတဲ့ ကြွက်မကိုက်တကိုက်ရှေ့ဆံပင်လေးတွေကိုမျက်လုံးလှန်ကြည့်ရင်း ရှုံ့မဲ့နေသည်
"အင်း ဆံပင်လေးညှပ်လိုက်မှမျက်နှာလေးပေါ်သွားတာ မှန်ကြည့်လိုက်ဦး"
ချောလ်ဆူရဲ့ရှေ့ဆံပင်လေးနည်းနည်းရှည်ကျလာပြီး မျက်လုံးပေါ်ကျနေတာကြောင့် ဆောင်းဟွန်းကyoutubeကနေvideoတွေကြည့်ပြီးကိုယ်တိုင်လက်စွမ်းပြထားတာဖြစ်သည်
အစကတော့ အဆင်ပြေသလိုလိုနဲ့ ညှပ်ရင်းညှပ်ရင်းတစ်ခြမ်းတိုသွားလို့လိုက်ညှိရာကနေ ငုတ်စိလေးတွေဖြစ်ပြီး ကြွက်ကိုက်သလိုဖြစ်သွားခြင်း....
အီဟီဆွန်းရဲ့သားမပြောရဘူး
ဆံပင်လေးနည်းနည်းတိုသွားတာကိုကမ္ဘာပျက်သလိုမျက်နှာကငိုချတော့မယ့်အတိုင်း~
ဒီကြားထဲ အစေခံကောင်မလေးတွေကပါ ခိုးရယ်နေကြတော့ အလှကြိုက်လေးကပိုပြီးစိတ်ဆိုးသွားပုံပင်~~
အီချောလ်ဆူတို့ကတော့ ငယ်ငယ်တည်းကလှချင်နေတာ ကြီးလာရင်ဘယ်လိုထိန်းရပါ့မလဲ!
"အူးဝါး~~Papaမကောင်းဘူး သားကိုရုပ်ဆိုးအောင်လုပ်တယ် Daddyပြန်လာရင်တိုင်ပြောမယ်"
ကိုယ်တော်လေးကမှန်ကြည့်ခါမှ သူ့ဆံပင်ကိုမြင်သွားပြီး စိတ်ဆိုးတော်မူလို့ ငိုယိုကာ ကောက်သွားတော့သည်~~~
"တကယ့်ကိုဖအေတူသားပဲ လုံးဝကို Ethan Leeနဲ့ချွတ်စွပ်~~"
ဆောင်းဟွန်းကငြီးငြူလိုက်တော့ အစေခံကောင်မလေးတွေကရယ်နေသည်
"သခင်ကြီးကဒေါက်တာလေးကိုအခုတလောအရမ်းဂရုစိုက်လာတာပါနော်"
"အင်းလေ အရင်ကဆို သခင်ကြီးကအပြစ်မရှိအပြစ်ရှာပြီး ဒေါသပဲလှိမ့်ထွက်နေတာ အခုတော့လူကြမ်းကြီးအသည်းမှာ အချစ်ပန်းတွေပွင့်နေလို့ ထင်တယ် နားကိုအေးနေတာပဲ"
"ငါသခင်ကြီးပြန်လာရင်တိုင်ပြောမှာနော်"
"အောင်မယ် ငါချည်းပဲလား နင်တို့လည်းအဲ့လိုပဲပြောကြတာကို~~"
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......