ညဦးပိုင်းရောက်လာတာနဲ့အမျှ ခြံဝင်းထဲကိုတစ်စီးပြီးတစ်စီးဝင်လာတဲ့ ကားတွေကြောင့် လုံခြုံရေးတွေရော ကိုယ်ရံတော်တွေရော တစ်ချက်မှမနားရပေ~~
Luxuryဆန်ဆန်မဟုတ်ပဲ ရိုးရိုးရှင်းရှင်းသာပြင်ဆင်ထားတဲ့ partyပုံစံနဲ့ လိုက်ဖက်စွာပင် အားလုံးက သာမန်မျှသာဝတ်စားထားကြပြီး ဂုဏ်သရေရှိလူကြီးမင်းများကိုသာ ဖိတ်ကြားထားတာဖြစ်လို့ partyရဲ့လုံခြုံရေးအတွက်အထူးတလည်ပူနေစရာမလိုပေ~~~
"Papaသားလေး ပွဲထဲမှာ မဆော့ရဘူးနော် Daddyစကားကိုလည်းနားထောင် လူကြီးတွေကိုလည်းမနှောင့်ယှက်ရဘူး ဟုတ်ပြီလား"
ဆောင်းဟွန်းက rikiကိုပြင်ဆင်ပေးနေရင်း တတွတ်တွတ်သတိပေးနေသည်
"Papaကဘာလို့မလိုက်တာလဲ"
အနောက်တိုင်းဝတ်စုံပိစိလေးကိုဝတ်ထားတဲ့ rikiက ဆောင်းဟွန်းမလိုက်ဘူးဆိုလို့ ငိုမဲ့မဲ့ရုပ်လေးဖြစ်နေသည်
"Papaက နေမကောင်းလို့လေ သားရဲ့ Papaအစား သားကပိုပြီးပျော်လာခဲ့နော်"
အမှန်တော့ ဆောင်းဟွန်းက တမင်တကာကိုမလိုက်တာဖြစ်သည်
ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲကသူနဲ့မှမသက်ဆိုင်တာလေ~~ရည်းစားဟောင်းနဲ့တခြားတယောက်ပျော်နေမှာကို လက်ခုပ်တီးပြီးဂုဏ်ပြုပေးရလောက်အောင် အဲ့လောက်ထိလည်း အသည်းမမာနိုင်သူမို့~~
သူ့ဘက်ကပိုပြီးလောဘမတက်မိခင် ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ထားနိုင်မှသာအဆင်ပြေမည်ဖြစ်သည်~~~
°~°~°~°~°~°~°~
"Daddy ~~သားသား ချောလား"
"Ethan Leeရဲ့သားပါဆိုမှ ချောတာပေါ့ကွ
ဒါနဲ့ ပတ်ဆောင်းဟွန်းရော ဘယ်ရောက်နေလဲ သူမလာဘူးလား"ဟီဆွန်းက ပွဲထဲကို ဝေ့ဝဲကြည့်ရင်းမေးလိုက်သည်
နေ့လည်ထဲကပျောက်သွားတာ လုံးဝကိုပေါ်မလာတော့တာပင်~
ကြည့်ရတာသူ့ကိုစိတ်ကောက်နေပြန်တာလားမသိ~
ကောက်စရာလည်းဘာအကြောင်းမှမရှိဘဲနဲ့လေ~
"ဟို.....ဒေါက်တာလေးက ဒီနေ့နေသိပ်မကောင်းချင်သလိုဖြစ်နေလို့ မလာတော့ဘူးလို့ပြောပါတယ်"
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......