"ဟီဆွန်း မင်းခဏနားလိုက်ဦး ငါတို့တလှည့်စောင့်ပေးမယ်"
"ဟုတ်တယ်~တော်ကြာ ခင်ဗျားပါလဲသွားရင်ဘယ်လိုလုပ်မလဲ? ဆောင်းဟွန်းနိုးလာလို့ ခင်ဗျားကိုမတွေ့ရင် ဝမ်းနည်းနေဦးမယ်"
ဟီဆွန်းတစ်ယောက် ဆေးရုံရောက်တဲ့အချိန်ကစပြီး အခုချိန်ထိ ဆောင်းဟွန်းအနားကနေတစ်ဖဝါးမှမခွာပဲရှိနေခြင်းဖြစ်သည်~
သူ့ရဲ့ဒဏ်ရာတွေကိုတောင်မှ ဂျေးနဲ့ဂျောင်ဝန်းတို့မနည်းချော့ပြောပြီးဆေးထည့်ပေးထားရခြင်း~
ဆောင်းဟွန်းကသေနတ်ဒဏ်ရာကအရမ်းအနက်ကြီးမဟုတ်ပေမဲ့ အဖျားရှိန်နဲ့သွေးထွက်လွန်ခြင်းတို့ကြောင့် အရမ်းအားနည်းနေသဖြင့်အနည်းငယ်စိုးရိမ်ရသောအခြေအနေတွင်ရှိနေသေးသည်~~
ဂျောင်ဝန်းခမျာ ဆေးရုံအလုပ်ကတစ်ဖက် ဆောင်းဟွန်းကိုလည်းမကြာခဏလာကြည့်ရပြီး အပိုအနေဖြင့်ဟီဆွန်းကိုပါစောင့်ကြည့်နေရသဖြင့်အတော်လေးယောက်ယပ်ခတ်နေသည်~~
တော်သေးတယ်~ဂျေးက အလုပ်အားတဲ့အချိန်တိုင်းဆေးရုံမှာရှိနေပေးလို့~~
"ဟင့်အင်း~~ငါကBabyနိုးလာတဲ့အချိန်ထိစောင့်နေမှာ"
"စောင့်တာကစောင့်ပေါ့~ဒါပေမဲ့ မင်းကိုယ်မင်းညှင်းဆဲနေသလိုဖြစ်နေတာကို ဆောင်းဟွန်းသိရင်ရောစိတ်ကောင်းပါ့မလား~အိမ်မှာRikiကမင်းတို့ကိုမတွေ့လို့ငိုနေတယ်လို့
ဂျိတ်ခ်ကပြောတယ်~ကလေးကိုလည်းတစ်ချက်ပြန်ပြီးမျက်နှာပြလိုက်ဦး~""အေးပါ~ငါအခုအိပ်ပြန်လိုက်မယ်~Baby သတိရရင်ချက်ချင်းဖုန်းဆက်လိုက်နော်"
"စိတ်ချ~ဆောင်းဟွန်းသတိရတာနဲ့ ကျွန်တော် ခင်ဗျားဆီဖုန်းဆက်လိုက်မယ်"
"ရလား ~ငါပြန်လိုက်ပို့ပေးရမလား?"
"ရတယ်~Driverပဲခေါ်လိုက်တော့မယ်~မင်း ဒီမှာနေခဲ့"
ဟီဆွန်းပြန်သွားတော့ လူနာခန်းထဲမှာ ဂျေး
နှင့်ဂျောင်ဝန်းသာကျန်နေခဲ့သည်~"အဟမ်း~ခင်ဗျားဆောင်းဟွန်းကိုခဏစောင့်ပေးထားမလား? ကျွန်တော့်dutyချိန်မကုန်သေးလို့"
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......