ခမ်းနားကြီးကျယ်လှတဲ့ဧည့်ခံပွဲက Ethanရဲ့စိတ်ကိုတော့မလန်းဆန်းစေပါ~
နာမည်ကြီးဂိုဏ်းခေါင်းဆောင်တွေနဲ့လက်အောက်ခံသူဌေးသူကြွယ်တွေ ဂိုဏ်းတွေနဲ့မကင်းတဲ့မင်းမျိုးမင်းနွယ်တွေနဲ့ပြည့်နေတဲ့ဒီနေရာက Japanရဲ့ 5stars Hotelမှာကျင်းပတဲ့ လျှို့ဝှက်လေလံပွဲဖြစ်သည်~~
အမှန်ဆိုဒီပွဲမျိုးသူမတက်လည်းရပေမဲ့ မိတ်ဆွေဟောင်းတချို့နဲ့ကိစ္စလေးတွေရှိလို့ရောက်နေတာပင်~~
"Hi~Ethan ကျွန်တော်တို့ထပ်ဆုံကြပြန်ပြီနော်"
Kaitoကဝိုင်ခွက်တစ်ခွက်ကိုကိုင်ရင်း သူ့အနားကိုရောက်လာသည်~~
"ငါကတော့မင်းနဲ့တွေ့ရလို့ဝမ်းမသာဘူး~ကိစ္စမရှိရင်လစ်လိုက်တော့"
"ကျွန်တော်တောင်းဆိုစရာရှိတယ်"
"Rikiကိုပြန်ပေးဖို့ဆိုရင်တော့ sorryပဲ~သူကမင်းတို့မျိုးနွယ်နဲ့မထိုက်တန်ဘူး"
"အဲ့လိုပြောရလောက်အောင် ခင်ဗျားမှာကျွန်တော်တို့မျိုးနွယ်ကိုဝေဖန်နိုင်လောက်တဲ့အဆင့်အတန်းမရှိဘူးထင်တယ်နော်"
"ဟက်~မင်းမျိုးမင်းနွယ်တွေကြားမှာရော ဂိုဏ်းလောကမှာရော နာမည်မရှိတော့တဲ့မျိုးနွယ်တစ်ခုကိုငါ့ဘက်ကဒီလောက်ထိဂရုစိုက်ပေးနေတာတောင် ကျေးဇူးတင်ဦး~လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က လုံးဝပျက်စီးသွားတဲ့ မင်းတို့မျိုးးနွယ်ရဲ့စီးပွားရေးပြန်ပြီးထူထောင်နိုင်အောင်ကူညီပေးခဲ့တဲ့ကျေးဇူးကိုမေ့နေတာတော့မဟုတ်ပါဘူးနော်~အာ~ဟုတ်သားပဲ~မင်းကစွန့်ပစ်ခံထားရတာကိုး~ဘယ်သိမှာလဲ"
Ethanရဲ့စကားကြောင့် Kaitoလက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်မိသည်~
ဧည့်ခံပွဲမှာသာမဟုတ်ရင်ဒီလူကိုသူတစ်စစီဆွဲထိုးမိနေလောက်ပြီ~~
"မင်းအဖိုးကိုပြန်ပြောလိုက်~ပေးပြီးသားအရာတစ်ခုကိုလွယ်လွယ်ပြန်မရနိုင်ဘူးလို့~Rikiကိုလိုချင်ရင်ငါသေမှပဲရမယ်"
"Ethan Lee ခင်ဗျားကအတော်အတ္တကြီးတာပဲ~Benကိုရော ဒီလိုပဲချုပ်ကိုင်ထားတာလား?"
"မင်းနဲ့သူနဲ့Englandမှာဘယ်လောက်ပဲရင်းနှီးခဲ့ပါစေ သူကဘယ်တော့မှမင်းကိုစိတ်ဝင်စားလာမှာမဟုတ်ဘူးဆိုတာ သဘောပေါက်"
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......