ရောင်စုံမီးတွေတဖြတ်ဖြတ်ရှပ်ပြေးနေပြီး ခပ်မြူးမြူးသီချင်းသံတွေဆူညံနေတဲ့နေရာကြောင့်ဂျောင်ဝန်းခေါင်းတွေအတော်နောက်နေပြီဖြစ်သည်~~
ဘယ်လိုဦးနှောက်နဲ့များ clubလိုနေရာမျိုးမှာ ဂုဏ်ပြုpartyကျင်းပဖို့ စိတ်ကူးရခဲ့သလဲဆိုတာ အတော်လေးသိချင်မိသည်~~
ဂျောင်ဝန်းနဲ့clubက ဘယ်လိုမှမအပ်စပ်ပေမဲ့ လုပ်ဖော်ကိုင်ဖက်ဆရာဝန်တစ်ယောက်ရဲ့ partyမို့လို့သာ မလိုက်မဖြစ်လိုက်လာရခြင်း~~
လူငယ်တွေအတွက်ဒီနေရာက Paradiseလို့တင်စားကြပေမဲ့ ဂျောင်ဝန်းအမြင်မှာတော့အပျော်ကြူးတဲ့အလကားနေရာတစ်ခုထက်မပိုပေ~~
"ဂျောင်ဝန်းနား~မသောက်ပဲနဲ့ထိုင်နေလို့မရဘူးနော်~ရော့"
ဘေးနားကတစ်ယောက်ကလက်ထဲမှာကိုင်ထားတဲ့colaခွက်နဲ့အရက်ထည့်ထားတဲ့ခွက်ကိုလဲပြီးထည့်ပေးလာသည်~
"ဂျောင်ဝန်း~တစ်ခါလောက်one shot သောက်ကြည့်ပါလား?"
"ဟုတ်တယ် ဟုတ်တယ်"
အားလုံးကတိုက်တွန်းနေကြတော့ဂျောင်ဝန်းလည်း အားနာနာနဲ့ပင် တစ်ခွက်လုံးမော့ချလိုက်သည်~~
အစာအိမ်တစ်ခုလုံးပူရှိန်းသွားပြီးခါးသက်သက်အရသာက လည်ချောင်းထဲမှာစွဲကျန်ခဲ့သည်
ဒီလောက်နဲ့တော့ သူဘာမှမဖြစ်နိုင်ပါဘူး~~
သူကျောင်းတက်တုန်းက ဝိုင်တစ်ပုလင်းလုံးသောက်တာတောင်ဘာမှမဖြစ်တာကို~~
မိနစ်အနည်းငယ်အကြာမှာတော့ ဂျောင်ဝန်းတစ်ယောက် နားထင်မှာသွေးတွေဆောင့်တိုးလာသလိုခံစားရသည်~
မျက်လုံးထဲမှာ အားလုံးက၂ခု ၂ခုစီဖြစ်နေသလိုပဲ
ရီဝေဝေမျက်လုံးလေးတွေပေကလပ်ပေကလပ်ဖြင့် အားလုံးကိုလိုက်ကြည့်နေပြီးလူက အလိုလိုရယ်ချင်လာသည်~
"ဂျောင်ဝန်းလေး ပျော်လာပြီထင်တယ် နည်းနည်းလောက်သောက်လိုက်ပါဦး"
စီနီယာအစ်ကိုအစ်မတွေတိုက်တွန်းချက်ကြောင့် ဂျောင်ဝန်းရဲ့လက်ကလေးတွေ
ကဘယ်နှခွက်ကိုင်ပြီးမော့မိမှန်းပင်မသိတော့~~
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......