၇နာရီ၃၅မိနစ်~~~
ပုံမှန်ဆို ၇နာရီလောက်တည်းက မီးဖိုဆောင်ထဲမှာ အကူတွေနဲ့အလုပ်ရှုပ်နေတတ်တဲ့ ပတ်ဆောင်းဟွန်းက အခုထိပေါ်မလာသေးတာကြောင့်ဟီဆွန်းတစ်ယောက် မျက်မှောင်ကြုံ့မိသည်~
ဘာလဲ? ပတ်ဆောင်းဟွန်းက သူ့ကိုစိတ်ကောက်သွားပြန်တာလား~~
သူလည်း ဘာမှမပြောလိုက်ပဲနဲ့လေ~~
တချက်ချက်မြည်နေတဲ့နံရံကပ်နာရီကြီးကိုကြည့်ရင်း ၈နာရီထိုးတဲ့အထိပေါ်မလာတာကြောင့် ဟီဆွန်းတစ်ယောက်မနေနိုင်တော့~~
ပတ်ဆောင်းဟွန်းနဲ့အတူတူမနက်စာစားချင်လို့စောင့်နေတာကို~~~
"Daddy နွားနို့မသောက်ချင်ဘူး~စတော်ဘယ်ရီဖျော်ရည်ပဲသောက်ချင်တယ်"
"သားက ပေါင်မုန့်စားချင်ဘူး cookieသေးသေးပိစိလေးတွေစားချင်တာပါဆို~ချောကလက်နော် ချောကလက်ပဲစားမှာ"
"နေ့လည်ကျရင် တော့ပိုကီစားချင်တယ်လို့ Papaကိုလုပ်ကျွေးခိုင်းမယ် "
Rikiက ဆောင်းဟွန်းမရှိတာနဲ့ တစ်မျိုးပြီးတစ်မျိုးဂျီကျနေပြီ~
"Riki~မင်းPapaကိုဘာလို့မဆင်းလာသေးတာလဲ သွားမေးကြည့် Daddyမေးခိုင်းတာလို့မပြောနဲ့"
"Yes daddy!!!"
Rikiက OK signလုပ်ပြကာဖင်လုံးလုံးလေးနောက်ပစ်ရင်း အပေါ်ထပ်ကိုလုံးနေအောင်ပြေးတက်သွားသည်~~
ခဏအကြာမှာတော့ အပြေးတပိုင်းနှင့်လှေကားပေါ်ကပြန်ဆင်းလာသည်
"Daddy~~Papaက နေမကောင်းဖြစ်နေတာ အသားတွေကပူနေတာပဲ ခေါင်းမူးနေတယ်လို့ပြောတယ်"
"ဘာ!!!"
Rikiစကားဆုံးတာနဲ့ ဟီဆွန်းက အိမ်ပေါ်ထပ်ကိုပြေးတက်သွားတာကြောင့် အိမ်တော်ထိန်းကြီးလည်း ပျာယာခပ်ပြီးပြေးလိုက်ရသည်~~
အခန်းတံခါးဖွင့်လိုက်တော့ နွမ်းဖတ်နေသည့်ရုပ်လေးနဲ့ စောင်ပုံထဲမြုပ်နေသည့်ဆောင်းဟွန်းကိုမြင်လိုက်ရတာကြောင့် ရင်ထဲကိုသံချွန်နဲ့ထိုးလိုက်သလိုပင်~
"ဖျားနေရင်လည်း တခြားသူတွေကို လှမ်းခေါ်တာမျိုး ဖုန်းဆက်တာမျိုးလုပ်သင့်တာပေါ့~မင်းကအခန်းထဲမှာဒီအတိုင်း တစ်နေကုန်နေတော့မလို့လား~Rikiသာ လာမကြည့်ရင် ဘယ်လိုလုပ်မလဲ?"
YOU ARE READING
MIXED COLORS (COMPLETE)
Fanficအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......