"ဒေါက်တာဂျောင်ဝန်း ဒေါက်တာ့ကောင်လေးရောက်နေပြန်ပြီ "
ပြုံးစိစိနဲ့ပြောလာတဲ့သူနာပြုအစ်မစကားကြောင့် ဂျောင်ဝန်းတစ်ယောက်စိတ်ညစ်ညူးသွားရသည်~
ဒီလူကြီးလုပ်ပုံနဲ့ အားလုံးကသူတို့၂ယောက်ကိုရည်းစားတွေလို့ထင်နေကြတာမဆန်းပေ~
အစကတော့ သူလည်းငြင်းပေမဲ့ ကြာလာတော့လည်းအာညောင်းတာပဲအဖတ်တင်
တာကြောင့်ရေလိုက်ငါးလိုက်ပဲနေလိုက်တော့သည်"ဒီမှာ ခင်ဗျားဘာလာလုပ်ပြန်ပြီလဲ? လာချင်တိုင်းလာ ပြန်ချင်တိုင်းပြန်ရအောင် ဒီနေရာကဇရပ်မဟုတ်ဘူးနော် ဆေးရုံ~သိရဲ့လား"
"အာ~ဒေါက်တာကတော့ ဘယ်အချိန်တွေ့တွေ့ဟောက်မယ်ဆိုတာချည်းပဲ~တွေ့လိုက်တိုင်းအကန်တွေချည်းပဲလွှတ်တယ်နော်~ကိုယ့်ဦးလေးရဲ့ဆေးမှတ်တမ်းကို ပါရဂူကြီးက မင်းဆီလွှဲထားတယ်ဆိုလို့လာယူတာ"
"အဲ့တာများ ဖုန်းဆက်ပြီး mailကနေပို့ခိုင်းရင် ရတာပဲကို~ခင်ဗျားကတော်တော်အားယားနေတော့ လူကိုယ်တိုင်လာတယ်ပေါ့"
"အားတာတော့အားမနေပါဘူး~တော်ကြာ ဒေါက်တာ့ကိုမလေးမစားလုပ်သလိုဖြစ်သွားမှာစိုးလို့လေ"
"ဟွန့်~ဘယ်တုန်းကများ ခင်ဗျားကကျွန်တော့်ကိုလေးစားဖူးလို့လဲ? ထူးထူးဆန်းဆန်းတွေပြောနေတယ်"
ဂျောင်ဝန်းကမဲ့ရွဲ့ရင်း အံဆွဲထဲမှာအသင့်ရှိနေတဲ့ ဆေးမှတ်တမ်းဖိုင်ကိုလှမ်းပေးသည်...
ပါရဂူကြီးက ကျန်းမာရေးဆွေးနွေးပွဲရှိလို့ Overseasသွားနေတာကြောင့် လူနာတွေရဲ့ဆေးမှတ်တမ်းတွေကိုဂျောင်ဝန်းကကိုင်တွယ်နေရတာပင်~
ဂျေးကတော့ သူ့ရှေ့ကစိတ်တိုနေတဲ့ကြောင်ပေါက်စကိုကြည့်ပြီး အသည်းတယားယား
နှင့်~ဆရာဝန်မို့လို့သာပဲ~
ရုပ်လေးကအထက်တန်းကျောင်းသားထက်တောင်နုဖတ်နေသေးတာ~
နှုတ်ခမ်းကိုစူထော်နေတာများ သူ့ကိုယ်သူ ၃နှစ်ကလေးဝင်စားတယ်ထင်နေလားမသိ~
ယန်းဂျောင်ဝန်းးကို အထက်တန်းတုန်းက အီသန့်ကိုသူ့သူငယ်ချင်းကိုစိတ်ဆင်းရဲအောင်လုပ်လို့ပြဿနာလာရှာတဲ့ ကောင်လေးအနေနဲ့စသိခဲ့ပြီးနောက်ပိုင်း ဒီကောင်လေးရဲ့လျှို့ဝှက်ချက်တချို့ကိုမတော်တဆသိခဲ့ရပြီးနောက် အကောင်ပေါက်ကသူ့ကိုမြင်တာနဲ့ အမြဲတမ်းရန်လိုနေတော့တာပဲ~
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......