ဧည့်ခန်းထဲမှာ Emmaနဲ့ စကားလက်ဆုံကျနေတဲ့ဆောင်းဟွန်းကိုကြည့်ပြီး ဟီဆွန်းပြုံးမိသည်
ပုံမှန်ဆို ဆောင်းဟွန်းက လူစိမ်းတွေနဲ့အရောတဝင်နေဖို့ဆိုတာမပြောနဲ့~~
မေးထူးခေါ်ပြောတောင် သိပ်မရချင်~~ကြည့်ရတာ Englandမှာကျောင်းတက်ခဲ့တာ ပေါင်းသင်းဆက်ဆံရေးပါတိုးတက်လာခဲ့ပုံပင်~
ဒီလိုကျတော့လည်း သူ့Babyလေးကလူကြီးလေးလိုပါပဲလား~~
Emmaက UKက နာမည်ကြီးBusiness Womanတစ်ယောက်ဖြစ်ပြီး Yukiရဲ့ချစ်သူကောင်မလေးလည်းဖြစ်သည်~~
ဧည့်ခံပွဲတစ်ခုမှာအမှတ်မထင်တွေ့ဆုံမိခဲ့ကြပြီး ချစ်ကြိုးသွယ်ခဲ့ကြပြီး လူမျိုးမတူ ဘာသာမတူ အယူအဆမတူတဲ့၂ယောက်မို့လို့ Moto Sanက သဘောမတူခဲ့ပေမဲ့ ခေါင်းမာပြီးဇွဲကြီးတဲ့၂ယောက်ကြောင့်နောက်ဆုံးတော့ လက်ခံပေးလိုက်ရပါတော့သည်~~
အခုလည်း Yukiက Emmaနဲ့အတူလိုက်သွားပြီး ဟိုမှာပဲအခြေချနေဖြစ်တော့မည့်ပုံပေါ်သည်
"ငါတို့ဒီနေ့ လျှောက်လည်ကြမလို့ ဆောင်းဟွန်းနဲ့ Riki chanကိုခေါ်သွားလို့ရမလား?"
"ဆောင်းဟွန်းတော့ လိုက်ချင်ရင်ခေါ်သွားလေ~~Rikiကိုတော့ မခေါ်သွားနဲ့တော့ နောက်မှသွားချင်ရင် ငါသပ်သပ်လိုက်ပို့ပေးလိုက်မယ်"
"ဟီဆွန်း~~နင်စိတ်ပူတာနားလည်ပါတယ်~~တစ်ခါတစ်လေကျရင်လည်း အဲ့လောက်ကြီး ကလေးကိုတင်းကျပ်စရာမလိုပါဘူး Bodyguardတွေလည်းပါမှာပဲကို"
"ဆောင်းဟွန်းကိုတောင် သိပ်ထည့်ပေးချင်တာမဟုတ်ဘူး~~ထပ်ဖျားရင်ဘယ်လိုလုပ်မလဲ "
"အေးပါ နင့်Babyလေးကို သေသေချာချာကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးမယ် စိတ်ချ"
Yukiစကားကြောင့် ဟီဆွန်းရဲ့နဂါးမျက်စောင်းက ဒိုင်းခနဲကျရောက်လာသဖြင့် Yukiတစ်ယောက် တဟားဟားအော်ရယ်မိတော့သည်~~
°~°~°~°~°~°~°~°~°~°~°~°~
အပြင်မထွက်ရတာ နည်းနည်းကြာနေပြီမို့လို့ ဆောင်းဟွန်းရဲ့စိတ်တွေက လွတ်လပ်ပေါ့ပါးနေသည်~~
Rikiလေးစာသင်နေတဲ့အချိန်ထွက်လာတာမို့ သူ့ကိုမတွေ့တော့ရင် ဘယ်လောက်တောင်သောင်းကျန်းနေမလဲ တွေးမိတော့ စိတ်မကောင်းဖြစ်ရသည်
YOU ARE READING
MIXED COLORS (COMPLETE)
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......