ep (1)

419 30 14
                                    

ဗိုလ်ချုပ်ချွဲ၏ စံအိမ်သည် ပြင်ပတွင်လှပခန့်ငြားထည်ဝါနေသော်ငြားအိမ်၏ဧည့်ခန်းတွင်တော့မုန်တိုင်းထန်နေသည်။

" မင်း သူ​ဌေးဂန်းရဲ့သား ဗိုလ်ချုပ်ဂန်းထယ်ဟျွန်းနဲ့ လက်ထပ်ရမယ်'

ဖခင်ဖြစ်သူ၏ ခပ်မာမာအမိန့်ပေးသံအားယောန်ဂျွန်းအသဲအသန်ငြင်းမိသည်။

" ဟင့်အင်း ဒယ်ဒီ ကျွန်တော်မချစ်တဲ့သူတစ်ယောက်နဲ့ လက်မထပ်နိုင်ဘူး'

" အစ်ကို ''

ညီဖြစ်သူ ဘောမ်ဂယူသည် ယောန်ဂျွန်း၏လက်ကိုဆုတ်ကိုင်ပြီးတိုးတိုးလေးခေါ်သည်။ဒယ်ဒီ့ကို ကြောက်နေပုံလည်းရပါသည်။

" ဘာ ချွဲယောန်ဂျွန်း ပြန်ပြောစမ်း ''

ဖခင်သည်အလွန်ဒေါသထွက်သွားသည်။

"ဒယ်ဒီကြားတဲ့အတိုင်းဘဲလေ''

" ချွဲယောန်ဂျွန်း ''

ဖခင်၏ ကျယ်လောင်လွန်းသောအသံသည်ယောန်ဂျွန်းကိုကောဘောမ်ဂယူကိုပါတုန်ရီစေသည်။ ဖခင်သည်မျက်နှာတွေနီရဲနေပြီးယောန်ဂျွနိးအားလည်း စူးရှစွာကြည့်သည်။

" တောက် မင်းငါ့စကားကိုအာခံနေတာလား''

" ပထမဆုံးအာခံခြင်းပါဒယ်ဒီ ဘယ်တုန်းကများ ကျွန်တော့်ဒယ်ဒီ့စကားနားမထောင်ခဲ့တာရှိလို့လဲ''

ဒါက တကယ့်ကိုပထမဆုံးပါဘဲ။ငယ်စဥ်ကတည်းက ဖခင်၏အမိန့်တိုင်းအတွက် ''ဟုတ်ကဲ့'' ဆိုပြီးခေါင်းငြိမ့်ခဲ့တာချည်းပင်။

ဗိုလ်ချုပ်ဆိုသည့်အတိုင်းစည်းကမ်းတင်းကျပ်လွန်းပြီးချုပ်နှောင်လွန်းခဲ့သည်။
ယောန်ဂျွန်းကလည်းလွတ်မြောက်ရန်မကြိုးပမ်းခဲ့ပါ။ချစ်ခြင်းမေတ္တာ၊နွေးထွေးခြင်းကင်းပေမယ့်လုံခြုံသည့်လောင်းရိပ်မို့ယောန်ဂျွန်း ထွက်မပြေးချင်ခဲ့ပါ။ပြင်ပလောက ကိုသိလည်းမသိချင်သလိုရင်လည်းရငိမဆိုင်ချင်ခဲ့ပါ။

" ဟက် ပထမဆုံးတဲ့လား''

ဖခင်ဖြစ်သူသည် ခြောက်ကပ်ကပ်ရယ်သည်။

" ဒီမှာ ချွဲ​ယောန်ဂျွန်း ပထမဆုံးဆိုတာမရှိသင့်ဘူး မင်းမှာငါ့စကားကိုပယ်ရှားခွင့်မရှိဘူးကွ'

Dear.......(ချစ်သော) Complete Where stories live. Discover now