ep (16)

85 20 21
                                    

ချွဲယောန်ဂျွန်း ဆိုသည့် တွေဝေမှုလေးကြောင့်သာ မဟုတ်ခဲ့ရင် ကျေးဇူးရှင်ဥက္ကဌချွဲ၏ စကားကို တသဝေမသိမ်း ဆူဘင်းနားထောင်ခဲ့မှာပါ။

"မချစ်နဲ့ ချွဲဆူဘင်း ''

တောင်းပန်ပါတယ် ဥက္ကဌချွဲ ။ ချစ်မိသွားခဲ့ပါတယ်။ ငြင်းဆန်ဖို့ စွမ်းအား မရှိတော့သည်အထိပါပဲ။

..........................Dear.....................................

" ယောန်ဂျွန်း ဘာဆက်လုပ်ချင်လဲ ''

ဆိုဖာခုံလေးပေါ် အရုပ်ကျိုးပြတ်ထိုင်ချနေသည့် ယောန်ဂျွန်းကို မလှမ်းမကမ်းနေရာလေးတွင် ရပ်ပြီး ဆူဘင်းမေးလိုက်သည်။ ဆူဘင်းအသံတွေတုန်နေခဲ့ပြီး ယောန်ဂျွန်းကတော့ တိတ်ဆိတ်နေ၏ ။

တစ်ခုခုကို တွေးတောနေပုံလည်းရပါသည်။ ယောန်ဂျွန်းဟာ အတွေးသမားလေး ပြောရရင် overthinking တစ်ယောက်။ တစ်ခုခုဖြစ်ပြီဆို အဆုံးထိတွေးကာ ပူပန်တတ်သူ၊ ကိုယ်လိုရာတွေးတတ်သူ၊ ကိုယ့်အတွေးနဲ့ကိုယ် စိတ်အပင်ပန်းခံနေတတ်သူ။

ယောန်ဂျွန်း မျက်နှာလေးနွမ်းနေပြီ။ ဒီရက်ပိုင်း ​ယောန်ဂျွန်းအတွက် စိတ်ရှုပ်ထွေးစရာတွေများလွန်းခဲ့ပြီမဟုတ်ပါလား။ ယောန်ဂျွန်းမျက်နှာပေါ်က အပြုံးလေးတွေလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ကုန်ခဲ့ပြီ။

" ယောန်ဂျွန်း တစ်ခုခု ပြောပါဦးကွာ ဘယ်လို ဆက်လုပ်ချင်လဲ ''

" အိမ်တော့ မပြန်ချင်ဘူး ..... ဒါပေမယ့် ဘောမ်ဂယူ့ကို စိတ်ပူတယ် ပရော်ဖက်ဆာ အင့် ''

ယောန်ဂျွန်း ရှိုက်ကြီးတငင်ငိုချလိုက်တော့၏ ။ ရင်ဘတ်ထဲငိုချင်စိတ်တွေ ပြည့်သိပ်လွန်းလို့။

ဘာလို့ ယောန်ဂျွန်းဘဝက အမြဲတမ်းအချုပ်အနှောင်တွေကြားထဲမှာဘဲလဲ။ ပျော်ရွှင်ခွင့်က ခဏလေးဘဲလဲ။ အရာအားလုံးဆီက လွတ်မြောက်ပြီ။ ချစ်ရသည့် ပရော်ဖက်ဆာ့အနား နေရပြီဆိုရုံရှိသေး...... အခု လာပြန်ပြီ။ ယောန်ဂျွန်း ကိုချည်နှောင်လိုက်ပြန်သည့် ဘောမ်ဂယူဆိုသောကြိုးကလေး။

" ယောန်ဂျွန်း မငိုပါနဲ့ကွာ ''

" ကျွန်တော် ရူးချင်တယ် ''

Dear.......(ချစ်သော) Complete Where stories live. Discover now