ep (23)

93 18 19
                                    


ဆူဘင်း လမ်းလျှောက်တာ နှေးကွေးနေသည်။ ခြေတစ်လှမ်းလျှောက်ဖို့တောင် မနည်းအားယူနေရသည့် သူ့အဖို့ နှေးကွေးတာ မဆန်း။

နွေဦးရာသီ ရွက်ခြောက်ကလေးတွေ တဖြုတ်ဖြုတ်ကြွေကျနေပြီး ​မြေနီလမ်းလေး၏ ပေါ် ရွက်ခြောက်ကလေးတွေ ဝေနေ၏။ သည်မြေနီလမ်းလေး၏ အဆုံးတွင် ဆူဘင်းနှင့်သူစိမ်းဧည့်သည်လေး၏ နေထိုင်ရာ သစ်သားအိမ်အိုလေးရှိသည်။

အဲ့ဒီအိမ်လေးဆီ ဆူဘင်း အမြန်ဆုံးပြေးလွှားသွားလိုက်ချင်သည်။ ထို့အတူ ရောက်ရမှာကိုလည်း ကြောက်နေမိပြန်၏။ ဆူဘင်း ဘာတွေဖြစ်နေတာလဲဆိုတာ ဆူဘင်းမသိဘူး။ အကယ်၍ သိနေခဲ့ရင်လည်း မသိချင်ဘူး။
ဘာကိုမှလည်း မတွေးချင်ဘူး။

" မင်း က မင်းအဖေကိုသတ်တဲ့ ဗိုလ်ချုပ်ချွဲရဲ့သားကိုခေါ်ထားတယ် ဟုတ်လား မင်းအရူးပဲ ဥက္ကဌချွဲသာ ရှိရင် မင်းကိုသူ တော်တော်လေး စိတ်ပျက်နေမှာ ''

နားထဲ တိုးတိုးဝင်လာသည့် သည်မြို့၏ တက္ကသိုလ်ဥက္ကဌ၏ စကားတွေ။
ယောန်ဂျွန်းအဖေ ဗိုလ်ချုပ်ချွဲက ဆူဘင်း၏ မိဘတွေအမှုနဲ့ ပတ်သတ်မှုရှိနေတယ်ဆိုတာ ဆူဘင်း ခနခနကြားရပြီးသား။ ဒါပေမယ့် အထူးတလည်တော့ မတွေးမိခဲ့ဘူး။ ဘာလို့ဆို ဆူဘင်းမှ အကြောင်းရင်းတွေအားလုံးကို သေချာမသိသေးပဲ

ဒီနေ့..... ဒီနေ့အားလုံးကို သိခွင့်ရခဲ့ပြီ။ ဆူဘင်း ဆယ့်နှစ်နှစ်တာလုံး သိချင်စိတ်ပြင်းပြခဲ့ရသည့် မိဘတွေ၏ အကြောင်းတွေအားလုံး ဆူဘင်းသိခွင့်ရခဲ့ပြီ။

ဗိုလ်ချုပ်ချွဲ ၊ သူဌေးဂန်းက ဆူဘင်း၏ အဖေကိုသတ်သူများဖြစ်ပြီး ယောန်ဂျွန်းသိပ်ချစ်ပါတယ်ဆိုတဲ့ ယောန်ဂျွန်းရဲ့အမေသေရခြင်း၏ အဓိကတရားခံက ဆူဘင်းအဖေကြောင့်တဲ့လေ။ ဘယ်လိုကံကြမ္မာကြီးလဲ ။ ဘယ်လိုကံကြမ္မာမျိုးကြီးလဲ။

အခုမှ အစပျိုးတုန်းရှိသည့် ချစ်ခြင်းတွေရယ်။ အရာအားလုံးကို ကျောခိုင်းပြီး ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရသည့် နှလုံးသားတွေရယ်ပါ။ သည်ရက်စက်လွန်းတဲ့ အတိတ်ကံကြမ္မာတွေကြောင့် အစမှာတင် အဆုံးသတ်လိုက်ရမယ်တဲ့လား။

Dear.......(ချစ်သော) Complete Where stories live. Discover now