ep (13)

88 18 5
                                    


သူစိမ်းဧည့်သည်လေးဝင်မလာရန် တံခါးကို သော့ခတ်ဖို့ ဆုံးဖြတ်ခဲ့ပါ၏ ။ ပျောက်ဆုံးသွားသော သော့တံလေးကြောင့်သာ..............မဟုတ်ခဲ့ရင်

ကျွီ။

သူတံခါးကို ပြန်ဖွင့်မိမှာမဟုတ်ခဲ့ပါ။
.
.

" ပရော်ဖက်ဆာ ''

တံခါးလေးကို ဖွင့်လိုက်သည်နှင့် ယောန်ဂျွန်းသည် တံခါးကိုမှီရာမှ ဖယ်လိုက်ပြီး မတ်တပ်ထရပ်၏ ။ ခြေထောက်လေးတွေမှာ အားအင်မဲ့နေပံ​ု....  မတ်တပ်ရပ်နေပုံကိုက အားမရစရာ.... လေတိုက်ရင်တောင်လွင့်တော့မလို။ မျက်ရည်မိုးတွေရွာချထားသည့် မျက်နှာလေးသည် နီရဲ​ကာစိုရွှဲလို့။ တံခါးဝတွင် မတ်တပ်ရပ်နေသည့် သူ့ကိုလည်း အသနားခံစွာကြည့်နေသေး၏ ။

အို.....သူစိမ်းဧည့်သည်လေးရာ...ကိုယ့်နှလုံးသား ကိုဆူးတစ်ချောင်းနှင့်ထိုးစိုက်ခံလိုက်ရသလိုနာ၏ ။ သူစိမ်းဧည့်သည်လေးရာ........ ဧည့်သည်က ဧည့်သည်လိုသာနေစမ်းပါကွာ..... အိမ်ရှင်တစ်ယောက်ကို ဧည့်သည်ထက်ပိုတဲ့ခံစားမှုတွေကို မပေးစမ်းပါနဲ့ကွာ။ ကိုယ်တောင်းပန်ပါတယ် ။ အနူးညွတ်တောင်းပန်ပါတယ် ။

" ပရော်ဖက်ဆာ '

အချိန်ကြာမြင့်စွာငိုထား၍ နှာသံလေးနှင့်ဖြစ်၏ ။ ပရော်ဖက်ဆာ ဆိုသည့် အသံသည်ပင် မပီမသမို့။
ဘယ်လောက်ထိငိုထားရတာလဲ ဧည့်သည်လေးရယ်..... ကိုယ့်လိုလူတစ်​ယောက်အတွက်နဲ့တော့ မငိုစမ်းပါနဲ့ကွာ.... မင်းမျက်ရည်တွေ နှမျောစရာ။

" အင်း''

" တောင်းပန်ပါတယ် ကျွန်တော် မှားသွားတယ်''

" .......''

မမှားပါဘူး။ သူစိမ်းဧည့်သည်လေးရာ မင်းမမှာဘူး။ ကိုယ်သာမှားသွားတာ။ အသိစိတ် ခဏလွတ်သွားခဲ့တာ။

" ထားလိုက်တော​့ သွားအိပ်တော့ယောန်ဂျွန်း''

တောင်းပန်စကားဆိုဖို့ သူအဆင်သင့်မဖြစ်သေးသလို ထွက်မသွားနဲ့နော်လို့ ဆွဲထားရန်လည်း သူ့စိတ်တွေ မဝံ့မရဲ။ သူစိမ်းဧည့်သည်လေးမို့လေ ...... ကံတရားအလိုကျခဏတွေ့ရရုံပါ..... တစ်ဘဝစာထိရည်ရွယ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး..... မဖြစ်နိုင်ဘူးဘဲထင်ပါရဲ့။

Dear.......(ချစ်သော) Complete Where stories live. Discover now