ဆူဘင်းသည်တက္ကသိုလ်မှ အိမ်သို့ ပြန်ရောက်ရောက်ချင်းမှာပင် ယောန်ဂျွန်း ၏ အခန်းထဲသို့ ဝင်လာခဲ့၏ ။ ကုတင်ပေါ်တွင်
စောင်မခြုံဘဲခေါင်းအုံးကိုမှီကာ ဖုန်းသုံးနေသည်ကို မြင်လိုက်ရ၍ ဆူဘင်း ၏ မျက်ခုံးတွေ သည် အလိုလိုပင် တွန့်ချိုးသွား၏ ။" ဖုန်းတောင်သုံးနိုင်ပြီဆိုတော့ နေကောင်းပြီပေါ့ ဟုတ်လား ယောန်ဂျွန်း ''
" ပရော်ဖက်ဆာ ''
ဆူဘင်းကို မြင်တော့ မျက်နှာအရောင်လေးလက်သွားကာ ဖုန်းကို ဘေးက စောင်ပေါ်ပြစ်ချ၏ ။
" ပရော်ဖက်ဆာ ဘာဖြစ်တာလဲဟင်''
ဆူဘင်း၏ မျက်ခုံးတွေ တွန့်ချိုးနေသည်ကို အခုမှ သတိထားမိသည့် ကောင်လေး၏ မျက်နှာသည် ညှိုးငယ်ကျသွားပြီး မရဲတရဲ သံလေး ထွက်လာသည်။
" နေမကောင်းတဲ့ကြား ဘာလို့ ဖုန်းတွေသုံးနေရတာလဲ ခေါင်းတွေကိုက်မယ်လေ မသိဘူးလား''
" ဟို''
" ဟိုတစ်ခါကလဲ ကိုယ်ပြောထားတယ်လေ အားနေဖုန်းချည်းကိုင်မနေနဲ့လို့ အခုလိုနေမကောင်းတဲ့အချိန်တွေဆို ပိုတောင်မကိုင်သင့်သေး အားနည်းသထက်နည်းလာပြီး ဘာမှကိုလုပ်နိုင်တော့မှာမဟုတ်တာ နေ့လယ်က ကိုယ်မှာပေးထားတဲ့ ခေါက်ဆွဲ ပြုတ်ကိုကော အကုန်စားရဲ့လား ''
"...........''
ကုန်အောင်မစားထား၍ တိတ်ဆိတ်နေ၏ ။ ဘေးက ခုံပေါ်က ခေါက်ဆွဲဖာထဲ ခေါက်ဆွဲတွေအတော်များများကျန်သေးသည်။
ဘယ်စားပါ့မလဲ။ ဒီဖုန်းထဲဘဲ အာရုံရောက်နေမှာကို။ ဖုန်းကလွဲ ဘာမှကို အာရုံရှိမှာမှမဟုတ်ဘဲ။
" ဘာလို့ မစားရတာလဲ ယောန်ဂျွန်း မင်းကျန်းမာရေးထက် အဲ့ဒီဖုန်းထဲက အကြောင်းအရာတွေက ပိုပြီးအရေးကြီးလား''
" တောင်းပန်ပါတယ် ပရော်ဖက်ဆာ ''
သူတစ်ခွန်းသာ ဝမ်းနည်းစွာဆိုနိုင်၏ ။ ပရော်ဖက်ဆာ ထင်သလို တစ်နေကုန် ဖုန်းမကြည့်နေခဲ့ပါဘူး။ အခုမှ ခဏဖွင့််ကြည့်ရုံပါ။ လိုင်းတွေသုံးတာလဲမဟုတ်။ ဒယ်ဒီ တို့ ကိုခြေရာဖျောက်ဖို့ကဒ်တွေအကုန်လည်း သူထုတ်ပြီးပြစ်ထားခဲ့ပြီးပြီ။ အခုက ဘောမ်ဂယူ နဲ့ သူနဲ့ရိုက်ထားတဲ့ဓာတ်ပုံလေးတွေ ထုတ်ကြည့်နေရုံပါ။
![](https://img.wattpad.com/cover/359304651-288-k982821.jpg)
YOU ARE READING
Dear.......(ချစ်သော) Complete
Romanceချစ်တယ် ဟူသော မေတ္တာအထပ်ထပ်လှိုင်းခတ်နေသည့် မြတ်နိုးခြင်းအဖြာဖြာပါသောစကားတစ်ခွန်းသည် ချစ်သောအတွက်သာ.......