ep (27)

100 18 21
                                    

Recommended song  ကျေးဇူးပါကွယ် by Shine

( မင်းအပြုံးလေးတွေနဲ့ လက်ဖဝါးငယ်.... ထွေးခွင့်မရှိတော့ပါ ထာဝရကွယ် ဘယ်နတ်ဘုရားရဲ့ လှည့်စားမှုကြောင့်လဲ မသိနိုင်တယ် တကယ်ကို ဝေးခဲ့ပြီပဲ အချစ်တွေရယ် ၊ ဂတိတွေရယ်၊ အရာရာပျက်စီးပြိုလဲ၊ ရင်မှာဝမ်းနည်းကြေကွဲ အသည်းကွဲဖို့ ကံပါလာကြတယ် ပေါင်းစပ်ခွင့်မရှိတာ ငါနားလည်.....ပြန်ဆုံရဖို့ ဆုမတောင်းတော့ပါဘူးချစ်သူရယ်..... အရာရာအတွက် ကျေးဇူးတင်တယ်)

......... Dear......

ဒေါက်။ ဒေါက်။ဒေါက်။

ဆူဘင်း၏ သစ်သားအိမ်တံခါးကို လာခေါက်သည့် လက်သီးဆုပ်သေးသေးလေးတွေ ။

" ပရော်ဖက်ဆာ ပရော်ဖက်ဆာ ရှိလားဟင် ပရော်ဖက်ဆာ အဆင်ပြေရဲ့လား ''

ပရော်ဖက်ဆာချွဲဆူဘင်း၏ လက်ထဲမှ dreamcatcher လေးရယ် ယုန်ရုပ်လေးရယ်သည် ကြမ်းပြင်ပေါ်ပြုတ်ကျသွား၏ ။ လက်တွေမခိုင်တော့လို့ ......

ယောန်ဂျွန်း ယောန်ဂျွန်းက သူ့ရဲ့အိမ်ရှေ့ကို ရောက်နေတာပဲ။ ဒီလောက်ထိအေးနေတာကို အပြင်မှာ ဘာလုပ်နေတာလဲ။ ဆူဘင်း တံခါးဖွင့်ပေးလိုက်မှပါ....ဟင် မဖြစ်သေးပါဘူး မဖြစ်သေးပါဘူး

ယောန်ဂျွန်း နဲ့ ဝေးဝေးနေမှပဲ ဖြစ်မှာပါ။ ဒီထပ်ပိုပြီး တွယ်ငြိလို့ မဖြစ်တော့ဘူး။ ယောန်ဂျွန်း ကို မြင်တာနဲ့ ဆူဘင်းရဲ့စိတ်တွေ ထိန်းချုပ်မှုမဲ့မဲ့သွားတတ်လွန်းလို့......

" ပရော်ဖက်ဆာ တံခါးဖွင့်ပေးပါဦး ဘာလို့ပိတ်ထားရတာလဲဟင် ''

တံခါးရှေ့ရောက်နေပြီဖြစ်သည့် ဆူဘင်း၏ စိတ်တွေမပြတ်မသား.... ဖွင့်ပေးချင်ပေမယ့် မဖြစ်ဖူးဘူးဟု တားနေသည့် အသိစိတ်..... လက်သီးဆုပ်သေးသေးလေးတွေ နှင့် တံခါးထိခေါကိသံကလည်း မပြတ်တမ်း.....

ဆူဘင်း ရူးချင်လိုက်တာ။ ဆူဘင်း ယောန်ဂျွန်း ကို ရွေးလိုက်ရင် မိဘတွေနဲ့ဥက္ကဌချွဲအပေါ် ဆူဘင်းရက်စက်ရာကျသွားမှာ။ ပြီးတော့ ဆူဘင်းက ဆရာတစ်ယောက်။ ဆရာကောင်းပီသအောင်နေရမှာ။

အတိတ်ကံကြမ္မာက ကိုယ်တို့နှစ်ယောက်အတွက် ရက်စက်လွန်းခဲ့ပါတယ်။ ယောန်ဂျွန်း ရဲ့အဖေ မိစ္ဆာကောင်ကို ငရဲပို့ရမှာက ကိုယ့်တာဝန်ပဲမို့.... ယောန်ဂျွန်းသိပ်ချစ်ပါတယ်ဆိုတဲ့ ယောန်ဂျွန်းရဲ့မာမီ့ကိုသတ်တဲ့သူက ဆူဘင်း၏အဖေမို့

Dear.......(ချစ်သော) Complete Where stories live. Discover now