ep (28)

86 16 19
                                    

" ဖြောင်း ''

ယောန်ဂျွန်း၏ ပါးပေါ် ကျရောက်လာသည့် ဒယ်ဒီ့၏လက်ဖဝါးကြီးကြီး၏အရှိန်သည် ပြင်းပြင်းထန်ထန်မို့ ယောန်ဂျွန်း ကြမ်းပြင်ထက် လဲကျသွားသည်ထိ။

" မင်း စောက်ရူးကောင် တောက်! ဟာ ''

ဒယ်ဒီ၏ လပေါင်းများစွာ စုပုံထားရသော ဒေါသတရားတွေသည် ယောန်ဂျွန်း၏ အပေါ် ပြင်းထန်စွာကျရောက်တော့သည်။ ယောန်ဂျွန်း၏ ဆံပင်ကို ဆွဲဆုတ်ကာ ပါးကို ဘယ်ပြန်ညာပြန်ရိုက်နေ၏။

ဒယ်ဒီ လူရောဟုတ်ပါသေးရဲ့လား။ အကြင်နာတရားကော ရှိသေးရဲ့လား။

" ဖြောင်း! "

ငါးချက်မြောက်ရိုက်ချက်အဆုံး ယောန်ဂျွန်း ခေါင်းပင်မထောင်နိုင်တော့ပါ။ ကြမ်းပြင်ပေါ်ခွေခွေလေး.......

" မင်း ကြောင့် ဘာတွေဖြစ်ကုန်ပြီလဲ သိလား''

".........''

" မင်းရဲ့ညီချွဲဘောမ်ဂယူက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်သည်ဖြစ်သွားတယ် ''

" ဟင်! "

" မင်းရဲသောက်ရူးလုပ်ရက်ကြောင့် ဗိုလ်ချုပ်ဂန်းက ချွဲဘောမ်ဂယူကို အညှိုးကြီးနဲ့ လက်ထပ်သွားတယ် ''

ဘာဆိုင်လို့လဲ ။ ဘောမ်ဂယူနဲ့ ဘာဆိုင်လို့ ဗိုလ်ချုပ်ဂန်းက အဲ့လောက်ထိယုတ်မာရတာလဲ။

" ပရော်ဖက်ဆာချွဲဆူဘင်း အင်း တအားကိုလှတဲ့ရေစက်ပဲ ''

ဒယ်ဒီဘာကိုပြောချင်နေတာလဲ။

" အဲ့ဒီကောင်က ကင်မ်ဟိုဂျောင်းရဲ့သား ကင်မ်ဟိုဂျောင်း က ဘယ်သူလဲမင်းသိလား ''

".......''

ယောန်ဂျွန်း မျက်လုံးတွေ မဖွင့်နိုင်သည်အထိမို့ ဘာကိုမှသဲသဲကွဲကွဲ မမြင်ရပေမယ့် ဒယ်ဒီ့အသံကိုတော့ ပီပြင်စွာကြားနေရ၏။

" မင်းမာမီကို အဆိပ်ခတ်သတ်ခဲ့သူက ကင်မ်ဟိုဂျောင်းပဲ ဘာလို့သတ်တာလဲကောသိလား''

".......''

" မင်းငါ့နောက်လိုက်လာတဲ့နေ့က လူသတ်မှုတွေမှတ်မိလား ငါအကုန်လုံးကိုသတ်ခဲ့တာလေ ဗိုလ်ချုပ်ကြီးဟန်ဆော့မင်း ဆီမှာအပ်ထားတဲ့ နီလာကိုငါသွားယူတဲ့နေ့ကလေ လမ်းမှာတွေ့သမျှအကုန်သတ်ခဲ့တာ အဲ့ဒီထဲ ချွဲဆူဘင်းရဲ့အမေပါခဲ့တယ် ဟက် အဲ့တော့ သူ့အဖေက မကျေမနပ်နဲ့ မင်းအမေကို အဆိပ်ခတ်သတ်ခဲ့တာပဲ ''

Dear.......(ချစ်သော) Complete Where stories live. Discover now