ep (3)

115 22 11
                                    

ဒီနေ့ပရော်ဖက်ဆာ၏ အတန်းချိန်တွင်ပရော်ဖက်ဆာ မဝင်ပါ။ အစည်းအဝေးရှိနေ၍ဟုသိရသည်။ အတန်းထဲလည်း ပရော်ဖက်ဆာ မရှိ၍လူသိပ်မရှိ။ပြန်တဲ့သူတွေပြန်ကုန်ကြပြီ။ယောန်ဂျွန်း နှင့် စကားပြောနေကြသည့်သူတစ်ချို့သာကျန်သည်။

စကားသံတွေသည် ဆူညံနေသော်ငြား ​ယောန်ဂျွန်း၏ နားစည်ထံရောက်တစ်ချက်မရောက်တစ်ချက်။ မှေးစင်းနေသည့်မျက်လုံးတွေကို ဖွင့်ရနိကြိုးစားနေပေမယ့်မရ။ ကမ္ဘာ ပေါ်တွင်အလေးလံဆုံးသော အရာဖြစ်သည့်မျက်ခွံအားသူမသယ်နိုင်။

ခုံပေါ်ခေါင်းမှောက်ကာအိပ်ပခုံပေါ်ခေါင်းမှောက်ကာအိပ်ပျော်စအခြေအနေရောက်နေသည့်ယောန်ဂျွန်းသည်ပြင်ပလောကနှင့်အတော်အဆက်အသွယ်ပြတ်နေသကဲ့။
အသံတွေနောက်လိုက်နေပေမယ့်အသံတွေသည်တဖြည်းဖြည်းဝေးကွာသွားသည်
အိပ်ချင်နေခဲ့သည်။အိပ်ချင်စိတ်ကိုထိန်းမနိုင်ဖြစ်နေခဲ့သည်။

မနေ့ညက ပရော့်ဖက်ဆာအကြောင်း
အတွေးတွေလွန်ပြီးမနက်လင်းခါနီးမှအိပ်ပျော်သည်။ထို့ကြောင့်ပင်နေ့ခင်းကျ ယောန်ဂျွန်း တို့တားမရအောင်ငိုက်မြည်းနေပြီ။ အိပ်မပျော်ရန်ကြိုးစားသော်လည်း ခန္ဓာကိုယ် က လက်မခံ။အိပ်စက်ပြစ်ရန်သာတွန်းအားပေးနေခဲ့သည်။

" ခူး ခေါ''

မကြာလိုက်ပေ။ အိမ်မက်ကမ္ဘာထဲ မျှောပါ
ရောက်ရှိသွားခဲ့တော့သည်။ ​ယောန်ဂျွန်း၏ အိပ်စက်ခြင်းနှင့်အတူအချိန်တွေသည်လည်းတရွေ့ရွေ့ကုန်ဆုံးနေသည်။

ယောန်ဂျွန်း အိပ်ပျော်သွားသည်မှာတစ်နာရီပင်ရှိပြီ။ သို့သော် ခန္ဓာကိုယ် ကအားမပြည့်သေး၍ယောန်ဂျွန်း မထနိုင်သေး။မနိုးနိုင်သေး။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်ယောန်ဂျွန်းသည် ပရော်ဖက်ဆာ ဆူဘင်း အတန်းထဲဝင်လာသည်ကိုတောင်မသိခဲ့။

" အတန်းဆင်းလိုက်တော့ ဒီနေ့အချိန်မရှိတော့ဘူး နောက်နေ့ မှဘဲ''

အစည်းအဝေးက အချိန်ကြာ၍စာသင်ချိန်တွေပါနောက်ကျကုန်သည်။စာသင်ချင်သေးပေမယ့် ဒီနေ့တော့အတော်လေးပင်နောက်ကျနေပြီဖြစ်၍အတန်းဆင်းယုံသာရှိသည်။

Dear.......(ချစ်သော) Complete Where stories live. Discover now