ep (9)

110 21 11
                                    

လောကကြီးကို အလင်းဖြန့်ကျတ်ပေးရန် လှပစွာ ထွက်ပေါ်လာခဲ့သော နေမင်းကြီးသည် ထိန်လင်းတောက်ပနေသည်။ ကျေးငှက်၊သာရကာတွေ၏ တေးဆိုသံတွေနှင့်အတူ မနက်ခင်းသည် ကျက်သရေရှိစွာပင် စတင်လာခဲ့လေပြီ။

ယောန်ဂျွန်း သည် ကော်ဖီခွက်နှစ်ခွက်ထည့်ထားသည့် ဗန်းကိုကိုင်ဆောင်ကာ ထမင်းစားခန်းကို လာခဲ့သည်။

" မှောက်ကျဦးမယ် ဖြေးဖြေးလာ ယောန်ဂျွန်း ''

ဟင်းခွက်တွေချနေသည့် ဆူဘင်းသည် သူ့ဆီကို ကော်ဖီပူဗန်းကိုင်ကာ လာနေသည့် ယောန်ဂျွန်း ကို လှမ်းပြောလိုက်သည်။ ကြမ်းပြင်ကချောတာနဲ့ မှောက်ကျပြီး အပူတွေလောင်ကုန်မှ ဒုက္ခ ။ အသားအရည်လေးတွေကမှနုနုဖြူဖြူလေးတွေပါဆို။

" ဟုတ်ကဲ့ပါ ပရော်ဖက်ဆာ ''

အပြုံးလေးနှင့်ပင် သူပြောသမျှနာခံသည့် ချွဲယောန်ဂျွန်း ကြောင့် သူလည်း အလိုလိုပင်ပြုံးမိသွားလေ၏ ။ သိပ်ကိုချစ်စရာကောင်းပါရော။

သုံးရက်။ ကောင်လေး သူ့အိမ်မှာနေနေတာသည် ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ ပရော်ဖက်ဆာချွဲဆူဘင်း ၏ အိမ်လေး စိုပြေနွေးထွေးလာခဲ့သည်မှာလည်း သုံးရက်ပင်ရှိခဲ့ပေပြီ။

ပရော်ဖက်ဆာချွဲဆူဘင်း ၏ အပြုံး၊ ရယ်သံတွေ အသက်ဝင်ပီပြင်ခဲ့သည်မှာလည်း သုံးရက်တိတိရှိခဲ့ပြီ။ အိမ်မှာ နေတဲ့ကောင်လေး အဆင်မှပြေလား ပျင်းများနေမလား နောက်ဆံတင်းစိတ်လေးတွေဝင်တာလည်းသုံးရက်ရှိပြီ။

သုံးရက်တည်းနဲ့ ပရော်ဖက်ဆာချွဲဆူဘင်း အတော်လေးပင် ပြောင်းလဲနေခဲ့ပြီ။ ပြောင်းလဲမှုကိုလည်း ကိုယ်တိုင်ကပင် သဘောကျနေမိတာမို့ ပြုပြင်ရန်စိတ်ကူး စိုးစင်းမျှ ရှိမနေပါပေ။

" ပရော်ဖက်ဆာ ကော်ဖီဆို ခါးတာကြိုက်လား ချိုတာကြိုက်လား ''

ထမင်းစားနေသည့် ဆူဘင်းကို မျက်နှာချင်းဆိုင်ရှိ ကောင်လေးက မေးခွန်းမေးလာ၏ ။ တိတ်ဆိတ်နေသည့် ထမင်းဝိုင်းကို စတင်ဆူညံနေစေပြီ။

" အင်း နှစ်မျိုးလုံး ကြိုက်တာဘဲ ကိုယ်က သိပ်ပြီး အစားရွေးတဲ့သူ မဟုတ်ဘူး ''

Dear.......(ချစ်သော) Complete Where stories live. Discover now