ep (31) _taegyu

101 22 38
                                    

AN..... သာသာလူဆိုးကြီးမို့ကွယ်..... ဒီတစ်ခါတော့ခွင့်လွှတ်ကွယ်.....နော်နော်ဒါဒါတို့....






နောင်တတရားတွေနဲ့ ထယ်ဟျွန်း တကယ်ပဲရှင်သန်ရတော့မည်တဲ့လား။ ဟင့်အင်း..... ထယ်ဟျွန်း ဆက်၍အသက်ရှင်နိုင်မယ်မထင်ဘူး။

နှလုံးသားပိတ်လှောင်မိခဲ့တယ်။ နတ်ဘုရားက သူ့ကိုအခုဒဏ်ခတ်လေပြီလား။ ဘောမ့်အပေါ်ကို ရက်စက်ခဲ့လေခြင်း...... ကိုယ်ဘယ်လိုဆက်ရှင်သန်ရမလဲ။

နိုးထလာပေးပါလား ဘောမ်ရယ်...... တောင်းပန်စကားလေးတော့ပြောချင်သေးတယ်။ သိမ်းဆည်းထားမိတဲ့အချစ်စကားလေးတွေကိုလည်း ပြောချင်သေးတယ်။

" ကိုယ် မင်းကိုချစ်တယ်''

ဘောမ့်၏ လက်အေးစက်စက်တွေကို ထွေးဆုတ်ထားမိတယ်။ ကျေးဇူးပြု၍...... စကားကိုအခါခါရေရွတ်ရင်း....

"တောင်းပန်ပါတယ်ဘောမ်''

" ကိုယ်မင်းကိုချစ်တယ်''

" ကိုယ့်ဆီကိုပြန်လာခဲ့ပေး ''

" သိပ်ချစ်တာလို့ ဘောမ်ရဲ့ ''

နောက်ကျသွားခဲ့ပြီလား။ ထယ်ဟျွန်းတကယ်ပဲနောက်ကျသွားခဲ့ပြီလား။

ဟင့်အင်း ကိုယ်ကဘောမ့်ကိုပဲပွေ့ပိုက်ထားချင်တာ။ နောတတွေကို မပွေ့ပိုက်ချင်ဘူး။

" ဘောမ်....... ကိုယ်....မင်း....ကို....သိပ်.....ချစ်.....တယ်''

အသံပီပြင်စွာ။အသက်ဝင်စွာ။ မျှော်လင့်ချက်ကြီးစွာ။ နောင်တများစွာပြည့်နှက်စွာ။ မြတ်နိုးခြင်းလှိုင်းကလေးများထပ်ခါထပ်ခါ...

ချစ်ခြင်း၏ စွမ်းအား။ တမလွန်ဆိပ်ကမ်းဆီကပ်ရောက်တော့မည့်ဘောမ်ခဗျာ...... ကြိုးမျှင်လေးတစ်ချောငိး၏ ဆွဲငင်ခြင်းအား ခံလိုက်ရလေရာ........

ဆတ်ခနဲလှုပ်ခတ်သွားသည့် ဘောမ့်၏လက်ကလေးတွေ။ မဟုတ်မှ...... မဟုတ်မှ......

" လူနာချွဲဘောမ်ဂယူ ပြန်သတိရလာပါပြီ ''

" အိုး..... တကယ်ပဲလား''

ထယ်ဟျွန်း ငိုခဲ့မိတယ်။ ပျော်လွန်းလို့ ပျော်လွန်းလို့ဖြစ်မယ် ထယ်ဟျွန်း အသံထွက်အော်ငိုပြစ်မိ၏။ ဆရာဝန်တွေက ထယ်ဟျွန်းကို ထူးဆန်းစွာကြည့်၏

Dear.......(ချစ်သော) Complete Where stories live. Discover now