ep (20)

93 23 19
                                    

နာမည်က ပတ်ခ်ဟျုနင်း။ Black ဆိုသည့်အမည်က ဟိုအယုတ်တမာတွေ ရှာတွေ့လွယ်မှာစိုးလို့ပြောင်းထားတာ။ ဟျူနင်းက ကင်မ်ဟိုဂျောင်းနှင့်အတူ တော်လှန်ရေးလုပ်ခဲ့သည့် ပတ်ခ်ဟွန်းဆော့၏သား။

ပတ်ခ်ဟွန်းဆော့က ဗိုလ်ချုပ်ချွဲ၏ တပ်တွေ၏ သတ်တာကိုခံခဲ့ရပြီး ကင်မ်ဟိုဂျောင်းက ကြိုးပေးခံခဲ့ရ၏။ တကယ်တော့ ကင်မ်ဟိုဂျောင်း နှင့်အစိုးရကြား ခလောက်ဆန်သူတွေကြောင့်သာ ဒီလိုဖြစ်ရပ်ဆိုးတွေနှင့် ကြုံခဲ့ရတာဖြစ်၏။

ကင်မ်ဟိုဂျောင်း သည် အလွန်တန်ဖိုးကြီးသော နီလာကျောက်ကိုတူးဖော်တွေ့ရှိခဲ့၏။ သိန်းသောင်းမကတန်သည်မို့ အရာရာအဆင်ပြေပြီဟူသောအသိဖြင်​့နီလာ​မြေတူးဖော်ရေးလုပ်သားသုံးဆယိကျော်သည် အပျော်ကြီးပျော်နေတော့၏။

အစိုးရမြေမို့ အစိုးရကို တစ်ဝက်ခွဲပေးရမည်ဟူသော အမိန့်ကိုလည်း အကြည်တသာပင်လက်ခံခဲ့၏။ ကင်မ်ဟိုဂျောင်းသည် ထိုမြို့ရှိ တက္ကသိုလ်ကို အဆင့်မီတက္ကသိုလ်ဖြစ်စေချင်၏။

ပညာရေးထူးချွန်ပေမယ့် ငွေကြေးမတတ်နိုင်သည့်မိဘတွေက သည်မြို့ကတက္ကသိုလ်မှာသာ တက်ရောက်ကြရ၏။ ဆရာ၊ဆရာမမစုံမလင်နှင့် ပြည့်ပြည့်စုံစုံတစ်ခုမှမရှိသည့်တက္ကသိုလ်လေးကြောင့် ပညာသင်ကလေးတွေခက်ခဲ၏။

တချို့ငွေကြေးတက်နိုင်သည့်ကလေးတွေကတော့ ဝေးလံလွန်းသော ဆိုးလ်မြို့ကြီးထိ ပညာသွားသင်ရ၏။ ငယ်ငယ်ရွယ်နှင့်မိဘအရိပ်အောက်မှ ထွက်ခွာရသည့်ကလေးတွေကို သနားလည်းသနား၏ ။ ထို့ကြောင့် အနီးနားမှာပညာသင်ခွင့်ရ၊ မိဘတွေနှင့်လည်း နီးနီးကပ်ကပ်၊ နွေးနွေးထွေးထွေးနေခွင့်ရအောင် ၊ ဒါ့အပြင် တိုးတက်အဆင့်မီသည့် ပညာတတ်တွေများသည့် မြို့လေးတစ်မြို့ဖြစ်စေဖို့ရည်ရွယ်ပြီး ဤမြို့ရှိတက္ကသိုလ်လေးကို ပြုပြင်ပေးချင်ခဲ့၏။

ကင်မ်ဟိုဂျောင်းက သူ့အစီအစဥ်နှင့်သူ ကျေနပ်ပီတိဖြစ်နေ၏။ သူ့သားဖြစ်သူဆူဘင်းကို ဒီမြို့ရဲ့တက္ကသိုလ်ဆရာတစ်​​​ယောက်လုပ်ခိုင်းမည်ဟုပါ သူတွေး၏။

သို့ပေမယ့် သူ၏အကြံအစည်တွေသည် လောဘသားနှစ်ယောက်ကြောင့် ပြိုပျက်ခဲ့ရ၏။

Dear.......(ချစ်သော) Complete Where stories live. Discover now