ep (15)

90 19 9
                                    


သူစိမ်းဧည့်သည်လေးကို တစ်စုံတစ်ယောက်ကသာ ပရော်ဖက်ဆာ့ဆီမှ လုယူဖို့ကြိုးစားလာလျှင်..........

......................Dear ....................................

"ဟူး ဘောမ်ဂယူ ဘာလို့ ဖုန်းကို ရုတ်တရက်ကြီးချသွားရတာလဲ ''

အိမ်ပြန်လမ်းတွင် ဘေးမှထွက်ပေါ်လာသည့် ​ယောန်ဂျွန်း၏ စကားကြောင့် ဆူဘင်း လည်း သက်ပြင်းချမိ၏ ။ သူလည်းမပြောတတ်။ အခုချိန်မှာ ညီဖြစ်သူနှင့် မတွေ့ရ၍ ​ယောန်ဂျွန်းမှာ စိတ်မချမ်းမသာဖြစ်နေရှာ၏ ။ ယောန်ဂျွန်းခဗျာ သူ့ညီလေးကို သိပ်တွေ့ချင်နေရှာတာ။

" အကြောင်းရှိလို့နေမှာပါ ယောန်ဂျွန်းရာ သူပြန်ဆက်လာမှာပါ ''

" ဟုတ်ကဲ့ အဲ့ဒီလိုဘဲ ဖြစ်ပါစေ ''

ထိုနေရာမှာပင်စကားသံတွေ ရပ်သွား၏ ။ လေပေါလေးယောန်ဂျွန်း သည် အရင်နေ့များနှင့်မတူ။ မရွှင်မပြ။ ခုံကိုမှီရင်းသက်ပြင်းတချချဖြစ်နေ၏။ ဆူဘင်း ကိုယ်တိုင်လည်း စိတ်ညစ်နေသည့် ယောန်ဂျွန်းကိုကြည့်ရင်း စိတ်မချမ်းမသာဖြစ်ရပေ၏ ။

အပြုံးလေးတွေနှင့်မှ ယောန်ဂျွန်းဟာ ပြည့်စုံတာ။ ချွဲယောန်ဂျွန်းနှင့် အပြုံးဆိုတာ ဒီကမ္ဘာမှာအလိုက်ဖက်ဆုံး။ ချွဲယောန်ဂျွန်းဆိုသည့်လူသားလေးသည် အပြုံးလေးနှင့် ထိုက်တန်လွန်းလှပါ၏ ။

" ယောန်ဂျွန်း တစ်ခုခုစားမလား ကိုယ်ဝယ်ပေးမယ်လေ ''

" ဟင့်အင်း ဘာမှမစားချင်ဘူး ပရော်ဖက်ဆာ'

ခေါင်းအသာရမ်းရင်း ပြောလာသည့်အသံကိုက တက်တက်ကြွကြွမရှိ။ မျက်နှာမလန်း။

" ယောန်ဂျွန်းရာ ဘောမ်ဂယူနဲ့ တွေ့ရမှာပါ စိတ်မပူပါနဲ့''

" ခက်လွန်းတယ် ပရော်ဖက်ဆာ မလွယ်ဘူးထင်တယ် ''

" ယောန်ဂျွန်းညီတက်တဲ့ တက္ကသိုလ်ကိုသွားရင်ကော ''

" အစောင့်တွေကပိုများနေလောက်မလား ''

ယောန်ဂျွန်းစိတ်တွေပိုပိုပြီး ရှုပ်ထွေးလာ၏ ။ ဘာလို့များ ဘောမ်ဂယူနဲ့တွေ့ရဖို့တောင် သိပ်ကိုခက်ခဲလွန်းနေရတာလဲ။ ဘာလို့ ယောန်ဂျွန်းရဲ့ဘဝက အဲ့လောက်ထိရှုပ်ထွေးနေရတာလဲ။

Dear.......(ချစ်သော) Complete Where stories live. Discover now