ep (4)

112 21 9
                                    

" ယောန်ဂျွန်း ''

" ဟင် ဟမ် အ အင်း ပရော်ဖက်ဆာ '

အတွေးတွေကြား သတိလွင့်မျှောဝင်နေသည့်​ယောန်ဂျွန်းသည် ပရော်ဖက်ဆာ ၏ အသံကြားမှ ပြင်ပလောကနှင့် ပြန်အချိတ်အဆက်မိသည်။ ​ယောန်ဂျွန်းကော ပရော်ဖက်ဆာ ပါ ကျောင်းဝင်းထဲတွင် ရပ်နေကြဆဲ ဖြစ်၏

ယောန်ဂျွန်း သာ ပရော်ဖက်ဆာ ၏ အပြုအမူလေးတွေကြား သဘောကျလွန်း၍ နစ်ဝင်နေမိတာဖြစ်မည်။ဒီလိုတွေးကြည့်မိပြန်တော့ နည်းနည်းတော့ ရှက်စရာကောင်းသည်။

​ချွဲ​​ယောန်ဂျွန်းတို့ အသိမရှိ၊သတိမဲ့ကာ ပရော်ဖက်ဆာ ကို ငေးနေမိတာများ ပရော်ဖက်ဆာ တို့သိထားရင်   ။ဘာလို့ကိုယ့်ကိုဘဲငေးနေတာလဲမေးလာခဲ့ရင်.......။.အဖြေမရှိ။ ရှက်စရာကောင်းလှသည်။ တကယ့်ကို အကြောင်းပြချက်ပေးစရာတစ်ခုလေးတောင်ရှိမနေပေ။

" ချွဲယောန်ဂျွန်း တို့ ဘာတွေတွေးနေပြန်တာလဲ''

" အာ ဟို ဘာမှမတွေးပါဘူး ပရော်ဖက်ဆာ ''

ယောန်ဂျွန်းတို့ ဂဏှာမငြိမ်ဖြစ်ရသည်။ အခုပရော်ဖက်ဆာ က ယောန်ဂျွန်း သူ့အကြောင်းတွေးနေသည်ကို သတိထားမိနေပြီထင်သည်။ ရှက်စိတ်လေးဝင်လာရပြီး ပရော်ဖက်ဆာ့အားမသိသာခိုးကြည့်လိုက်မိ၏။ပရော်ဖက်ဆာ သည် ယောန်ဂျွန်း ၏ ယောက်ယက်ခတ်နေပုံကိုကြည့်ပြီး မျက်ခုံးတွေ တွန့်ချိုးနေသည်။

ယောန်ဂျွန်း ရင်ထဲ စိုးရိမ်စိတ်လေးဝင်သွား၏ မဟုတ်မှ........ ပရော်ဖက်ဆာ သိသွားပြီလား။ယောန်ဂျွန်း သူ့ကို ငေးနေရသည့်အကြောင်းတွေရိပ်မိလို့များ.....ယောန်ဂျွန်း ကိုယွံသွားလေမလား။ ယောကျာ်းလေးချင်းကြီးမို့ယောန်ဂျွန်း၏
မှားယွင်းနေသည့်စိတ်တွေကိ​ု.....မှားမှန်း သိပေမယ့် ဆ​က်တိုးချင်နေသည့်ယောန်ဂျွန်းကို ပရော်ဖက်ဆာ ယွံသွားလေမလား။

" ကျစ် ချွဲယောန်ဂျွန်း မင်းဘာလို့အာရုံတွေတအားပျံ့နေတာလဲ ဒါက မကောငိးတဲ့အပြုအမူတစ်ခုဘဲ တက္ကသိုလ်ကျောင်းသားတစ်ယောက်က အမြဲတက်ကြွလန်းဆန်းနေရမယ်လေ မင်းပုံစံကိုကြည့်လိုက်ရင် အမြဿတွေးတောငေးငေါင်နေတာဘဲ မကြိုက်ဘူးနော် အဲ့လိုအပြုအမူတွေကို ကိုယ်မကြိုက်ဘူး ''

Dear.......(ချစ်သော) Complete Where stories live. Discover now