ep (26)

95 21 17
                                    

ဆူဘင်း တက္ကသိုလ်ရုံးခန်းတွင်သာ ရှိသေး၏။ သူမပြန်ဖြစ်သေး ပြန်လည်းမပြန်ချင်သေး ။ ယောန်ဂျွန်း နဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ ခွန်အားမဲ့နေမိတာဖြစ်မည်။

သူတွေဝေနေမိတယ်။ ပတ်ခ်ဟျုနင်း၏ စကားတွေကြောင့် ဆူဘင်းပိုတွေဝေမိလာတယ်။

" ငါ့သားလေး တက္ကသိုလ်ဆရာ တစ်ယောက်ဖြစ်မယ့်အချိန်ကိုဖေဖေရောက်ချင်လှပြီကွာ'

ဆူဘင်း စာလုပ်ချိန်တိုင်း ဘေးကနေလာ​လာပြောတတ်သည့်ဖေဖေ။ ဖေဖေ ဆူဘင်းကို အများကြီးမျှော်လင့်ထားခဲ့တာဖြစ်၏။ ပြီးတော့ မေမေ။ သဘောကောင်းနွေးထွေးသည့်မေမေက ဘာအပြစ်မှမရှိပါပဲ ဗိုလ်ချုပ်ချွဲ၏ လောဘကြောင့်သေခဲ့ရပြီးပြီ။

ဗိုလ်ချုပ်ချွဲက ဆူဘင်း၏ ချစ်သောလေးရဲ့ဖခင်။ ယောန်ဂျွန်းသိပ်ချစ်ပါတယ်ဆိုတဲ့ ယောန်ဂျွန်းမာမီ့ကို သတ်သည့်သူက ဆူဘင်း၏ ဖခင်။

အို.....ရှုပ်ထွေးပြီး စိတ်ပျက်စရာကောင်းလွန်းသည့် အတိတ်ကံကြမ္မာ။ အတိတ်တွေကဆိုးလွန်း၍ အတိတ်တွေကိုမေ့ပြီး အနာဂတ်ကိုမျှော်ကြည့်မိပြန်တော့ အနာဂတ်က ပို၍ပင် မှောင်မိုက်လိုက်လေခြင်း။

အမှောင်ထုကို တွန်းလှန်ဖို့ဆူဘင်း အမှောင်ထဲဝင်မှဖြစ်မည်။ ဒါဆို ကျိန်းသေပေါက် ယောန်ဂျွန်းကို ထားခဲ့မှဖြစ်မည်။ ဆူဘင်း ယောန်ဂျွန်း ကို မထားခဲ့နိုင်ပါဘူးဆို......

ယောန်ဂျွန်း နဲ့မှ ယှဥ်ရွေးခိုင်းရက်သည့် ကံကြမ္မာ။ ဥက္ကဌချွဲ ရဲ့မချစ်နဲ့ ဆိုတဲ့စကားလေးကို ဆူဘင်းနားထောင်ခဲ့သင့်တာ။ ဆူဘင်း ထိန်းချုပ်ခဲ့သင့်တာ။ ဒါပေမယ့် အခုတော့ မရတော့ဘူး ။ လွန်သွားခဲ့ပြီ ယောန်ဂျွန်းကိုချစ်သည့်အချစ်တွေသည် ထိန်းမရတားမရ ပိုလွန်သွားခဲ့ပြီ။ ဆူဘင်း ယောန်ဂျွန်းကို ရူးရူးခါခါ ချစ်မိသွားပြီ။

ချစ်သောသူစိမ်းဧည့်သည်လေးက ဆူဘင်းရဲ့အကြီးမားဆုံးသော တွေဝေမှုလေးပါပဲ။

" မင်း ဘယ်လိုဆုံးဖြတ်မှာလဲ ဆူဘင်း ''

ဟျူနင်းနှင့် ဥက္ကဌကင်မ်က သူ၏ အဖြေကို စောင့်စားနေ၏။ အခုထိကို ဆူဘင်း အဖြေမရှိ တွေဝေမိနေဆဲပါပဲ။ အခုချိန်မှာ တွေးမိတာဆို ယောန် အိမ်မှာတစ်ယောက်တည်း အဆင်မှပြေရဲ့လား ။ မိုးတွေရွာရင် ယောန်က ကြောက်တတ်လွန်းသည် မဟုတ်ပါလား။ အိပ်မက်ဆိုးတွေများမက်နေမလား။ ဆူဘင်းကိုများ စောင့်နေမလား အင်္ကျီထူထူကောထပ်ရဲ့လား........... ဆူဘင်း ဒါတွေသာ တွေးနေမိပါ၏။

Dear.......(ချစ်သော) Complete Where stories live. Discover now