အပိုင်း[၁၆]

2.7K 169 10
                                    

"ဒူ ....ဒူ..."

ရေချိုးခန်းမှထွက်လာ‌လာချင်း မြည်နေသောဖုန်းကြောင့် နံပတ်ကိုကြည့်လိုက်တော့ ကိုကို့ဆီကဖြစ်နေသည်။ငါးကြိမ်တောင်ခေါ်ထားသည်။ရေချိုးနေတုန်းမို့မသိလိုက်ပါ။

"ဟဲလို "

"ချာတိတ် ကိုကိုပြောစရာရှိလို့"

"ဟုတ် ပြောလေကိုကို"

"ကိုကိုတို့မနက်ဖြန်ဒိတ်ရအောင်"

"ကိုကိုကလည်း ရည်းစားဖြစ်တာတစ်ပတ်ပဲရှိသေးတာကို"

"ချာတိတ်ကလည်း ကိုကိုတို့ကရင်းနှီးပြီးသားပဲကို"

ကိုကို့ကိုတွေ့ရမှာမျက်နှာပူနေသည်။ဖုန်းထဲမှာမို့သာ အီစီကလီပြောနေပေမဲ့တကယ်တမ်းကျတွေ့ရမှာမဝံ့မရဲဖြစ်၏။

"အွန်းပါ...တွေ့မယ်လေ..ဘယ်မှာတွေ့မှာလဲကိုကို"

"ချာတိတ်သဘောပါ ချာတိတ်ဘယ်မှာတွေ့ချင်လဲ"

"အွန်း...ကန်တော်ကြီးဆိုရင်ရောကိုကို"

"ချာတိတ်သဘောပါဗျာ"

"ကိုကိုကလည်း ချွဲလိုက်တာ"

"မချွဲပါဘူး ချာတိတ်ရဲ့"

"ချွဲပါတယ် ကိုကိုကလည်း"

"အခု‌ေရာချာတိတ်ထမင်းစားပြီးပြီးလား"

"ပြီးပြီပေါ့ ကိုကိုရဲ့ အချိန်ပဲကြည့်တော့လေ"

"ကိုကို့ချာတိတ်လေး အစားပုံမှန်မစားမှာစိုးလို့မေးတာပါကိုကိုက"

"စားပါတယ်နော်...ဒါပဲနော်ကိုကို...လမင်းစာကျက်ရဦးမှာ"

"အင်းအင်း ဒါဆိုလည်းဒါပဲနော်....ချစ်တယ်နော်ချာတိတ်"

"အွန်း"

ကိုကိုဖုန်းချပြီးသည်နှင့်မမဆီကိုဖုန်းဆက်လိုက်သည်။တကယ်တော့ မမကသူနဲ့ဘုရားသွားဖို့ပြောထားသည်။ဒါကြောင့်လည်းအခုလိုရေမိုးချိုးပြီးဖြစ်‌ေနသည်။ဒါတောင်နည်းနည်းနောက်ကျပြီလို့ဆိုရမည်။

"ဟဲလို"

တစ်ဖက်ကတည်တည်ကြည်ကြည်အသံကလေးမမပါ။မမကရုပ်မမြင်ဖူးရင်တောင်အသံနှင့်ပင်သဘောကျဖို့လုံလောက်ပြန်သည်။အရာရာပြီးပြည့်စုံတဲ့မမကိုပစ်ထားပြီးမိမိကိုပြန်ကြိုက်တဲ့ကိုကို့အတွက်အကြီးမားဆုံးနစ်နာမှုလို့ဆိုရမလား။ဒါပေမဲ့လည်း ဒါတွေဟာ မိမိကိုယ်တိုင်လိုချင်လို့ကိုတမင်ဖန်တီးခဲ့တာမဟုတ်ပါလား။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now