IAN
Prologue၂၀၀၅ခုနှစ်
ဂယောင်းဆောင်းမူလတန်းကျောင်း
ပညာရည်ချွန် ဆုပေးပွဲ။ကျောင်းဝတ်စုံဆင်တူလေးတွေနဲ့ မူလတန်းအရွယ် ကလေးလေးတွေဟာ ဆုပေးပွဲကျင်းပရာ ခန်းမထဲမှာရော ခန်းမအပြင်မှာပါ ရှိနေကြသည်။
ထိုအထဲမှ ကျောင်းသားလေးတစ်ယောက်သည် ကျောင်းအပေါက်ဝကို လှမ်းမြင်နေရသည့် လှေကားထစ်ပေါ်မှာ တစ်ယောက်တည်းထိုင်နေခဲ့သည်။
"နင် ဘာလုပ်နေတာလဲ"
အနားရောက်လာတဲ့ မူလတန်းကျောင်းသူလေးက ထိုကျောင်းသားလေးရဲ့ဘေးမှာ ဝင်ထိုင်လိုက်ရင်း မေးသည်။
"နင့်မိဘတွေကိုစောင့်နေတာလား"
"အင်း"
"နင့်အဖေက ဥက္ကဌမလား။ ဒီအချိန်ဆို အလုပ်များနေလောက်မှာ"
ကျောင်းသူလေးရဲ့စကားကို ကျောင်းသားလေးက ဘာမှပြန်မပြောဘဲ မေးထောက်ကာ ကျောင်းပေါက်ဝကိုပဲ ငေးကြည့်နေသည်။
"ကလေးတို့ ပွဲစတော့မယ်နော်"
အတန်းပိုင်ဆရာမက အနားရောက်လာပြီး ကလေးနှစ်ယောက်ကို ပြောလိုက်သည်။
"လာ အထဲဝင်ကြရအောင်လေ"
ဆရာမကမ်းပေးလာသည့်လက်ကို တစ်ယောက်တစ်ဖက်စီတွဲကာ ကျောင်းခန်းမထဲဝင်ရန် လိုက်ပါလာခဲ့သည်။ ထိုအချိန် ကျောင်းဝန်းထဲ ကားတစ်စီးဝင်ရောက်လာတာကြောင့် လှည့်ကြည့်မိချိန် ကျောင်းသားလေးက ချက်ချင်းပျော်ရွှင်သွားခဲ့သည်။
"ဖေဖေ!"
ဟု ပြုံးရွှင်စွာအော်ခေါ်ရင်း ဖခင်ရှိရာကို အပြေးသွားလိုက်သည်။ ကားပေါ်ကဆင်းလာသည့် ဖခင်က မိမိရှိရာပြေးလာသည့် သားကလေးကို ပွေ့ချီလိုက်ရင်း
"ဆောရီးပါ ဖေဖေ နည်းနည်းနောက်ကျသွားတယ်"
"ဟင့်အင်း ကွက်တိရောက်လာတာပါ"
"အဲ့လိုလား"
"ဟုတ်"
အရွယ်နဲ့မလိုက်အောင် အလိုက်သိလွန်းသည့် သားလိမ္မာလေးကြောင့် ပြုံးလိုက်ရင်း ခန်းမကြီးထဲ တူတူဝင်ခဲ့တော့သည်။