IAN
အပိုင်း ၁၄"ဂျီမင်း"
ဘယ်အချိန်ကတည်းက အိမ်ရှေ့မှာ လာစောင့်နေမှန်းမသိတဲ့ ဂျောင်ကုက ခြံတံခါးဖွင့်လိုက်သည်ဆိုရင်ပဲ သူ့နာမည်ကိုခေါ်ကာ ချက်ချင်းပေါ်လာသည်။
"ဂျောင်ကု"
"ငါမင်းကိုစောင့်နေတာ"
"ဘာပြောစရာရှိလို့လဲ"
ဂျီမင်းဘက်က တိုက်ရိုက်မေးလာတော့လည်း ဂျောင်ကု ပြောရခက်သွားခဲ့သည်။ သူ့ဘက်က ဂျီမင်းကို မေးချင်နေတာတွေ၊ ပြောချင်နေတာတွေ အများကြီးရှိနေပေမဲ့ တကယ်တမ်း လက်တွေ့ကျ တစ်လုံးမှထွက်ကျမလာ။
နှုတ်ဆိတ်သွားတဲ့ ဂျောင်ကုကြောင့် ဂျီမင်းက တိတ်တိတ်လေး နှုတ်ခမ်းကိုက်လိုက်သည်။ ဂျောင်ကုက ဘာအတွက်နဲ့ ဒီလောက်အထိ တွန့်ဆုတ်နေရတာလဲ။ သူဖြစ်နေလို့ တမင်သက်သက် ဒီလိုလုပ်နေတာလား။ ဖြေစမ်းပါ ဂျွန်ဂျောင်ကု။
"ဘာမှပြောစရာမရှိဘူးဆိုရင်လည်း"
"မဟုတ်ဘူး ဂျီမင်း"
သူ့လက်ကိုလှမ်းဆွဲလိုက်တဲ့ ဂျောင်ကုကြောင့် ထွက်သွားဖို့ မဖြစ်နိုင်တော့။
"ငါ့မှာ မင်းကိုပြောစရာတွေရော မေးချင်တာတွေရော အများကြီးရှိတယ်"
"အင်း ဘာတွေလဲ"
"အော ဂျောင်ကုရှီး"
အသံလာရာကို ဂျောင်ကုရော ဂျီမင်းပါ လှည့်ကြည့်မိတော့ နှစ်ယောက်မရှိနိုင်သည့် ဘိုရာ။ ဒီလိုအခြေအနေမှာ ဘိုရာ့ကိုမြင်လိုက်ရတာက ဂျီမင်းအတွက် ပိုပြီးစိတ်ရှုပ်သွားစေတာတော့အမှန်။ ဘာရန်ငြှိုးရန်စမှ မရှိသည့်တိုင် သူ ထိုမိန်းကလေးကို သဘောမကျတာလည်း အမှန်ပင်။
ထိုမိန်းကလေးကတော့ လေထုကို အကဲမခတ်တတ်တာပဲလား တမင်တကာပဲလားမသိ သူ့ကိုရော ဂျောင်ကုကိုပါ ပြုံးပြရင်း အနားရောက်လာသည်။
"ဘိုရာ ဘာကိစ္စရှိလို့လဲ"
"ဒီနေ့ နောက်ဆုံးအဆင့်ပဲကျန်တော့တာလေ အဲ့ဒါ ဂျောင်ကုအိမ်မှာပဲ လုပ်ကြမလားလို့"
![](https://img.wattpad.com/cover/360911369-288-k811903.jpg)