IAN
အပိုင်း ၁၁စတိုးဆိုင်ကနေ အိမ်ပြန်လာတဲ့လမ်းမှာ ဂျောင်ကုအတွက် မထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ဂျီမင်းက အီရန့်ဆိုင်ကယ်ပေါ်မှာ။
နာမည်တပ်မရတဲ့ မနှစ်မြို့စရာခံစားချက်နဲ့အတူ အိမ်ရှေ့မီးရောင်အောက်က အီရန်နဲ့ဂျီမင်းကို မလှမ်းမကမ်းကနေ ဂျောင်ကု ရပ်ပဲကြည့်နေမိသည်။ နေရာမှာတင် သွေးအန်တော့မတတ် အဲ့လိုခံစားချက်။
"ဟ ကျေးဇူးတင်ဖို့မေ့နေတာလား"
ဆိုင်ကယ်ပေါ်ကဆင်းတာနဲ့ အိမ်ထဲတန်းဝင်ဖို့လုပ်နေတဲ့ ဂျီမင်းကို အီရန်က မကျေမချမ်းလှမ်းပြောသည်။
"မင်းသဘောနဲ့မင်းခေါ်တာကို ဘာလို့ကျေးဇူးတင်ရမှာလဲ ငါကတောင်းဆိုတာလည်းမဟုတ်"
"လူမှုရေးတော်တော်နားမလည်တာပဲ"
"ငါ့ဟာငါဆို နားလည်တယ်။ မင်းဖြစ်နေလို့"
ပြောဆိုပြီးသည်နှင့် တံခါးကို ဂျိမ်းခနဲမြည်အောင် ဆောင့်ပိတ်ကာ အထဲဝင်သွားတဲ့လူကြောင့် "ပတ်ဂျီမင်း ကျေးဇူးကန်းလေး"ဟု အီရန်က မကြားကြားအောင် အော်ပြောလိုက်တော့သည်။
တကယ်ပါပဲ။
ဂျွန်ဂျောင်ကုရဲ့ အပေါင်းအဖော်လို့မပြောရဘူး မသိတတ်လိုက်ပုံများ။သူ့အကြောင်းတွေးလိုက်ရုံရှိသေး အနောက်ကရောက်လာတဲ့ ဂျွန်ဂျောင်ကုကြောင့် အီရန် ဘာလားဟုပင် ရေရွတ်လိုက်မိသည်။ ဒီကောင်ကရော ဘယ်အချိန်ကတည်းက ရောက်နေတာတုန်း။
ပြီးတော့ ဘာအကန့်မှမရှိပါဘဲ သူ့ကို စူးစူးဝါးဝါးအကြည့်တွေနဲ့ ပြာကျမတတ် ကြည့်လာပြန်သည်။ ဘာကြည့်တာလဲဟုပင် မေးချိန်မရလိုက်၊ အိမ်တံခါးကို အားနဲ့ဆောင့်ပိတ်ပြီး အထဲဝင်သွားတဲ့ ဒုတိယပတ်ဂျီမင်း။
ခါတိုင်းလိုသာဆို နေရာမှာတင် တစ်ယောက်တစ်ပြန် သတ်ပုတ်ပြီးပြီဆိုပေမဲ့ ဒီနေ့တစ်ရက်တော့ သည်းခံလိုက်မယ်။ မနက်ဖြန်ကျရင်တော့ တစ်ယောက်မှ ဒီအချိုးမျိုး မရဘူးမှတ်။
______________________
"မင်းဘာဖြစ်နေတာလဲ"