IAN
အပိုင်း ၁၀အပြင်မှာ ဂျီမင်းနဲ့ မုန့်စားပြီးပြန်လာတော့ ဟိုတစ်ခါတုန်းက ဖေဖေ့ဧည့်သည် ဦးလေးကြီးကိုတွေ့လိုက်ရသည်။ နောက်ပြီးတော့ ဟိုကောင်မလေး။
"ဒါအန်ကယ့်သားကြီး ဂျွန်ဂျောင်ကုလေ"
"ဟုတ်ကဲ့ အန်ကယ်"
အပြုံးနုနုလေးတွေနဲ့ ခါတိုင်းမြင်ရတဲ့ပုံစံမဟုတ်ဘဲ တည်ငြိမ်နူးညံ့နေတဲ့ ထိုကောင်မလေးကြောင့် ဂျောင်ကု သူပဲအမှတ်မှားနေတာလားဟု တွေးလိုက်မိသည်။ ဒါပေမဲ့လည်း ဂျောင်ကုဘေးကတစ်ယောက်ဆိုတာ သေချာပါတယ်။
"မှတ်မိသေးလား ဟိုတစ်ခါက ပြောခဲ့တဲ့ ဦးသမီး ဘိုရာဆိုတာ"
"ဟုတ်ကဲ့ မှတ်မိပါတယ်"
"ငယ်ငယ်ကတည်းက UK ပို့ထားလို့ အမိမြေကို မေ့နေမလားဆိုပြီး စိုးရိမ်ခဲ့ပေမဲ့ မြင်တဲ့အတိုင်း ကိုရီးယားလူမျိုးစစ်စစ်ဖြစ်နေတုန်းပဲ"
အော်.....။
အားပါးတရ သမီးဖြစ်သူကို ချီးကျူးခန်းဖွင့်နေတဲ့ ဦးလေးကိုကြည့်ပြီး ဂျောင်ကုစိတ်ထဲကနေပဲ အော်ဟု ရေရွတ်လိုက်သည်။"နိုင်ငံခြားမှာနေခဲ့လို့ဆိုပြီး အထင်တော့မသေးနဲ့နော် ကိုရီးယားအစားအစာမှန်သမျှလည်း ကိုယ်တိုင် အကုန်ချက်တတ်တဲ့အပြင် ခုခေတ်မိန်းကလေးတွေလို ဆိုဂျူဘာညာတောင် တော်ရုံသောက်တတ်တာမဟုတ်ဘူး နော် သမီး"
"အဟင်းဟင်း ဒါပေါ့ဖေဖေကလည်း"
ရေလိုက်ငါးလိုက်လုပ်ကာ တဟင်းဟင်းရယ်နေတဲ့ ကောင်မလေးခမျာ ဂျောင်ကုရဲ့အကြည့်တွေကို နားလည်တာကြောင့်ထင် ခုပဲနေရာက ထပြေးတော့မလိုမျိုး မအီမလည်မျက်နှာဖြင့်။
"သားအောက်မှာ ညီတစ်ယောက်ရှိသေးတယ် အမြွှာပေါ့ သူကတော့ အခု အိမ်မှာမရှိဘူး ဂျွန်အီရန်တဲ့။ အမြွှာဆိုတဲ့အတိုင်း သားကြီးနဲ့တစ်ပုံစံတည်းပဲ"
"ဟုတ်ကဲ့ အန်ကယ်"
"ဘိုရာက သားတို့မေဂျာမှာပဲတက်မှာလေ။ အဲဲ့ဒါ သားညီမလေးကို စောင့်ရှောက်ပေးလိုက်ပါဦး"
"ဟုတ်ကဲ့ပါ ဖေဖေ"
မကောင်းတတ်လို့ ခေါင်းသာငြိမ့်လိုက်ရပေမဲ့ ဂျောင်ကုစိတ်ထဲ ဒီကောင်မလေးနဲ့ပတ်သတ်ပြီး အရေးတယူမရှိခဲ့ပါ။ ဘယ်လိုဆိုဆို အီရန့်အပေါင်းအပါတွေထဲက တစ်ယောက်မလား။