IAN
အပိုင်း ၃တစ်ရက်မှာတော့ ဂျီမင်းနဲ့အီရန့်ကြားက အဆင်မပြေတဲ့ ဆက်ဆံရေးကို ပိုပြီးဆိုးသွားစေတဲ့ အဖြစ်အပျက်တစ်ခုပေါ်လာခဲ့သည်။ ယင်းမှာ ဂျီမင်းရဲ့ အချစ်ဆုံးခွေးကလေး တိုချီ ရုတ်တရက်သေဆုံးသွားခြင်းဖြစ်သည်။
ထိုနေ့ညနေက ဂျီမင်းနဲ့ဂျောင်ကုတို့ လမ်းထဲအတူတူ စက်ဘီးထွက်စီးသည့်နေ့လည်းဖြစ်သည်။
"ရား! အဲ့လောက် အမြန်ကြီးမနင်းနဲ့လေ"
သူ့ကို အနောက်မှာ ချန်ထားခဲ့ရင်း ဂျောင်ကုက စက်ဘီးကို အမြန်နင်းသွားတာကြောင့် ဂျီမင်းက လှမ်းအော်ရင်း အမှီလိုက်ဖို့ကြိုးစားသည်။ လိုက်မှီသွားသည့်အခါမှာတော့ နှစ်ယောက်သား ဘေးချင်းယှဉ်နင်းခဲ့ကြသည်။
အချိန်အတော်ကြာအောင် စက်ဘီးနင်းပြီးနောက်မှာတော့ ကစားကွင်းအသေးလေးမှာ အမောဖြေသည့်အနေနဲ့ ရေခဲချောင်းစားရင်း ထိုင်နားလိုက်ကြသည်။
"ရပြီ"
"ကျေးဇူးပဲ"
စတိုးဆိုင်ကနေ ကိုယ်တိုင်သွားဝယ်လာတဲ့ ရေခဲချောင်းကို လှမ်းပေးရင်း ဂျောင်ကုက ဂျီမင်းဘေးမှာ ဝင်ထိုင်လိုက်သည်။
"အေးနေတာပဲ"
ရေခဲချောင်းစားရင်း တစ်ယောက်တည်း ကျေနပ်ကာ စကားပြောနေတဲ့ ဂျီမင်းကြောင့် ဂျောင်ကုက ပြုံးလိုက်သည်။
"ဂျောင်ကု"
"ပြော"
"ငါတို့ကြီးလာရင်လည်း အခုလိုပဲ စက်ဘီးပတ်စီးပြီး သူငယ်ချင်းဖြစ်ဦးမယ်မလား"
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
"ကြီးလာရင် ငါ့ဘေးမှာ မင်းမရှိမှာစိုးလို့"
"အရူးလေး ငါကဘာလို့မရှိရမှာလဲ"
ဂျီမင်းရဲ့ နားထင်ကို လက်ညှိုးနဲ့ ဖွဖွလေးထိုးပစ်ရင်း ဂျောင်ကုက ရယ်ရယ်မောမောပြောသည်။
"မင်းက အီရန့်လိုမဟုတ်ဘဲ ငါ့အပေါ်ကောင်းပေးပြီး စာတွေလည်းအမြဲရှင်းပြတယ်လေ အာ့ကြောင့် ငါက မင်းနဲ့အမြဲတမ်း ဒီလိုမျိုးအတူတူရှိသွားချင်လို့"