IAN
အပိုင်း ၉"နင် ဘာပြောလိုက်တယ်!?"
အီရန့်ရဲ့ အသံကျယ်ကြီးကြောင့် ဘိုရာက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ တိုးတိုးနေဖို့ အချက်ပြလိုက်သည်။
"နင်က ဂျွန်ဂျောင်ကုကို သဘောကျတယ်ဆိုတာ တကယ်လား"
"အင်း သေချာတယ်"
အီရန်က ဘိုရာ့ကို လူရွေးညံ့လိုက်တာဆိုသည့်အကြည့်မျိုးဖြင့် ဝေဖန်သလိုကြည့်လာသည်။
"အဲ့အကြည့်ကဘာလဲ"
ဘိုရာကလည်း မျက်မှောင်ကုတ်သွားပြီး ချက်ချင်းထမေးလိုက်သည်။
"ဘာမှမဟုတ်ဘူး"
"ငါ့ကြောင့် ကြိတ်ပြီးအသဲကွဲသွားရင်တော့ မတတ်နိုင်ဘူး။ ငါ နင့်ကိုနည်းနည်းလေးမှ စိတ်မဝင်စားတာမို့"
ဘိုရာက သူမရဲ့ ဆံပင်အကောက်လေးတွေကို လက်နဲ့လိမ်နေရင်းက အီရန့်ကိုကြည့်ကာ ပြောလိုက်သည်။
"ဆပ်ပြာယူပေးရမလား"
"ဘာလုပ်ဖို့လဲ"
"နင့်ပါးစပ်ဆေးဖို့"
"သေချင်တာလား"
ဘိုရာက မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့အီရန့်ကို စားပွဲပေါ်က အအေးခွက်နဲ့ ကောက်ပေါက်ဖို့ ရွယ်လိုက်သည်။ အီရန်ကတော့ ထုရဲရင်ထုလေဆိုတဲ့ အချိုးမျိုးနဲ့ အနေအထားမပျက်။
အကြောမာတဲ့ အီရန့်ကိုကြည့်ပြီး ဘိုရာက မကျေနပ်သလို တစ်ချက်မဲ့ကာ အောင့်သက်သက်နဲ့ပဲ အအေးခွက်ကို ပြန်ချလိုက်သည်။ ထိုအချိန် ဆိုင်ထဲဝင်လာတဲ့ဂျောင်ကုကို မြင်လိုက်ရတာမို့ မျက်လုံးတွေက လက်ခနဲ။
"ဂျောင်ကုပဲ"
ချက်ချင်းပြုံးရွှင်သွားတဲ့ ဘိုရာ့ကြောင့် အီရန်ပါ ခေါင်းစောင်းကြည့်မိတော့ ဂျောင်ကုအပြင် ဂျီမင်းကိုပါ တွေ့လိုက်ရသည်။ သူ့အစား အဲ့နှစ်ယောက်ကမှ တကယ်ကို အမြွှာတွေဖြစ်ခဲ့သင့်တာ။
"နင် လှမ်းခေါ်လိုက်ပါ့လား"
ဘိုရာ့စကားကြောင့် အီရန်က မျက်မှောင်ကုတ်သွားကာ