အပိုင်း ၈

1.5K 270 13
                                    

IAN
အပိုင်း

ဝူး...ဘရွန်း!

"အမယ်လေး!"

မိမိစက်ဘီးဘေးကနေ အတင်းကပ်ပြီး ပွတ်ဆွဲကာ တရကြမ်းမောင်းချသွားတဲ့ ဆိုင်ကယ်တစ်စီးကြောင့် ဟန်ချက်ပျက်ကာ စက်ဘီးရော လူပါ မြောင်းထဲ ဆင်းချသွားတော့သည်။

ရုတ်တရက်မို့ တစ်ကိုယ်လုံး ထူပူသွားကာ နာရကောင်းမှန်းလည်းမသိ၊ ဇောနဲ့ ချက်ချင်းပြန်ကုန်းထလိုက်သည်။ ဒီလိုကြောက်စရာကိစ္စမျိုး တစ်ခါမှလည်းမကြုံဖူးတာမို့ ဂျီမင်း ရင်တွေတလှပ်လှပ်တုန်ကာ အသက်ရှူသံတွေပါ မြန်ဆန်နေခဲ့သည်။

လဲနေတဲ့စက်ဘီးကိုလည်း ပြန်မထူနိုင်သေးဘဲ အရင်ဆုံး စက်ဘီးဘေးမှာပဲ ငုတ်တုတ်ထိုင်ချလိုက်သည်။ ထိုသို့ထိုင်နေချိန် စောစောက ဆိုင်ကယ်သံကို နောက်တစ်ကြိမ်ကြားလိုက်ရတာမို့ အနောက်လှည့်ကြည့်မိတော့ ပိုထိတ်လန့်သွားရသည်။

ပထမတုန်းကအတိုင်း အရှိန်နဲ့မောင်းလာတဲ့ ထိုဆိုင်ကယ်ဟာ လမ်းပေါ်ထိုင်နေသည့် ဂျီမင်းဆီကို တန်းတန်းမတ်မတ် ဦးတည်ကာ မောင်းလာခြင်းပင်။

အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းအလိုမှာ ဂျီမင်းရဲ့အသိစိတ်တွေအကုန်လုံးဟာ အလွန်အမင်းကြောက်လန့်စိတ်ကြောင့် အလုပ်မလုပ်တော့။ ထိုအစား "အား" ခနဲ အော်ဟစ်လိုက်ပြီး မိမိဆီလာနေတဲ့ဆိုင်ကယ်ကို လက်နဲ့ကာပြီး တားဆီးလိုက်သည်။

ကျွီ!

"ဂျီမင်း!"

ဆိုင်ကယ်ဘရိတ်အုပ်သံနဲ့ နာမည်ခေါ်သံနှစ်ခုက တစ်ချိန်တည်းမှာ ထွက်ပေါ်လာခဲ့သည်။

"ဂျီမင်း! မင်း ဘာဖြစ်တာလဲ"

ဝရုန်းသုန်းကားပြေးလာတဲ့ ခြေသံနဲ့ စိုးရိမ်တကြီးမေးလိုက်သူမှာ ဂျောင်ကုကလွဲပြီး မရှိနိုင်။ အခုထိ ပြာဝေနေတဲ့ မျက်လုံးတွေကြောင့် ဂျောင်ကုမေးခွန်းကို ပြန်မဖြေနိုင်ဘဲ လက်တွေကိုပဲ အားကိုးတကြီး ဆုပ်ကိုင်ထားလိုက်မိသည်။

"ဂျောင်ကု"

"ငါရှိတယ် ဘာမှမဖြစ်ဘူး ငါရှိတယ်နော်"

IANWhere stories live. Discover now